Connect with us

Asia

အိန္ဒိယငါးဖမ်းလှေတိမ်းမှောက်မှုတွင် ရုပ်အလောင်း ၅ လောင်းကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဆယ်ယူရရှိထား

ဘင်္ဂလားပင်လယ်အော် အတွင်းရှိ အိန္ဒိယငါးဖမ်းလှေများအားတွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဒါကာ၊သြဂုတ်၁၄ ရက်(ဆင်ဟွာ)

လှေလုပ်သား ၁၇ ဦး လိုက်ပါသွားသည့် အိန္ဒိယငါးဖမ်းလှေ တစ်စင်းသည် ဘင်္ဂလားပင်လယ်အော်တွင် တိမ်းမှောက်သွားရာ သေဆုံးသူ ၅ဦး နှင့် အသက်ရှင်ကျန်ရစ်သူ ၂ ဦးတို့၏ ခန္ဓာကိုယ် နှင့် ရုပ်အလောင်းများကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဆယ်ယူရရှိထားကြောင်း သြဂုတ် ၁၄ ရက်တွင်ပြောကြားသည်။

“အသက်ရှင်လျက် တံငါးသည် နှစ်ယောက်ကို ဆယ်လို့ရထားတယ်၊ ပြီးတော့ အလောင်း ၅ လောင်းလည်းရထားပါတယ် ” ဟု အမည်မဖော်လိုသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။
အဆိုပါ လှေထိုးသား ၁၇ ဦးလိုက်ပါသွားသည့် အိန္ဒိယငါးဖမ်းလှေသည် ဘင်္ဂလားဒေ့ရှ်ကမ်းလွန်တွင် တိမ်းမှောက်သွားကြောင်း သတင်းပို့ချက်ကို သြဂုတ်လ ၁၃ ရက်က လက်ခံရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ အိန္ဒိယငါးဖမ်းလှေတိမ်းမှောက်ကြောင်း အခြားသင်္ဘောတစ်စင်းမှ အချက်ပေးပို့မှုကို လက်ခံရရှိပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်ရေတပ်သည် ကယ်ဆယ်ရေးလုပ်ကိုင်ရန် သင်္ဘောနှစ်စင်း နှင့် ကင်းလှည့်လေယာဉ်တစ်စင်း အသုံးပြုကာ အခင်းဖြစ်နေရာသို့သွား ရောက်ခဲ့ကြောင်းသိရသည်။
အိန္ဒိယငါးဖမ်းလှေသည် ဘင်္ဂလားပင်လယ်အော်အတွင်း Hiron အမှတ်၏မြောက်ပိုင်း ရေမိုင် ၄ဝ ၌ တိမ်မှောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အိန္ဒိယ နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် တည်ရှိသည့် ကမ္ဘာ့အကြီးဆုံး လမုပင်တောအုပ် ရှင်သန်ပေါက်ဖွားရာ Sundarbans အားလပ်ရက် အပန်းဖြေရာ နေရာဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.