Connect with us

Asia

ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဂျပန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံ

ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေး နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေးသည် အောက်တိုဘာ ၂၆ရက်က ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဝန်ကြီးချုပ်ရုံး၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အာဘေးသည် ဖိလစ်ပိုင်ဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ဖိလစ်ပိုင်နိုင်ငံသည် ဂျပန်နိုင်ငံ၏ အဓိကအရေးပါသည့် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ကြောင်း နှင့် နှစ်ဘက်စလုံးသည် ယခင်ထက် ချစ်ကြည်ရေး ပိုမိုမြင့်မားလာစေရန် သဘောတူညီခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

အာဘေး က ဂျပန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသနှစ်ခုစလုံးတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင်၎င်းက ၂၀၁၇ခုနှစ်တွင် ASEAN ဥက္ကဋ္ဌအဖြစ် အလှည့်ကျတာဝန်ယူမည့် ဖိလစ်ပိုင်နိုင်ငံ အတွက် ဂျပန်နိုင်ငံက ယင်းကဏ္ဍတွင် အစွမ်းကုန်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံသည် ဘုံအရေးကိစ္စရပ်များတွင် ဂျပန်နိုင်ငံ နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ဂျပန်နိုင်ငံသို့ အောက်တိုဘာ ၂၅ရက် က သုံးရက်ကြာခရီးစဉ်ရောက်ရှိလာခဲ့ပြီး ၎င်းသည် ဂျပန်ဘုရင်မင်းမြတ်နှင့် မိဖုရားတို့အား အောက်တိုဘာလ ၂၇ရက်တွင် တွေ့ဆုံသွားမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.