Connect with us

Asia

နီပေါအလယ်ပိုင်းတွင် ဓါတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် ၃၆ဦးဒဏ်ရာရရှိ

နီပေါ တွင် ဓါတ်ငွေ့အိုး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးအား သယ်ဆောင်လာစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အလယ်ပိုင်း၊ မြို့တော် ခတ္တမန္ဒူမြို့ တောင်ဘက် ကီလိုမီတာ ၈၀အကွာ Hetauda မြို့ ရှိ အစိုးရရုံးအဆောက်အအုံတစ်ခုတွင် အောက်တိုဘာ ၂၆ရက် နေ့လည်ပိုင်း က ဟင်းချက်ရာတွင် အသုံးပြုသည့် ဓါတ်ငွေ့အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၃၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တမ်းကောက်ယူမှုရုံး မြေညီထပ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု၏ နောက်ဆက်တွဲမီးလောင်မှုကြောင့် အစိုးရဝန်ထမ်းများ နှင့် ပြည်သူများ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်အရသိရသည်။

ဒဏ်ရာရရှိသူများအနက် ၂၄ဦးသည် Hetauda မြို့ ရှိ ဒေသခံဆေးရုံ၌ ဆေးကုသမှုများပြုလုပ်ပြီးနောက် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ကျန်ဒဏ်ရာရရှိသူ ၁၂ဦး သည် ဒဏ်ရာအခြေအနေစိုးရိမ်ရ၍ ဆေးရုံအသီးသီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲအရာရှိ Bamdev Gautam က အခင်းဖြစ်ပွားရာနေရာမှ ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.