Asia
ဖိလစ်ပိုင် နိုင်ငံ လူဇုံကျွန်း တွင် ပြင်းအား ရစ်ချ်တာစကေး ၆.၂ အဆင့်ရှိသည့် ငလျင် ဖြစ်ပွား
မနီလာ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင် နိုင်ငံ လူဇုံကျွန်း အနောက်တောင်ပိုင်း တွင် သြဂုတ်လ ၁၁ ရက်နေ့၌ ပြင်းအား ရစ်ချ်တာစကေး ၆.၂ အဆင့်ရှိသည့် ငလျင် တစ်ခု ဖြစ်ပွားခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု စာရင်း နှင့် ပျက်ဆီး ဆုံးရှုံးမှု စာရင်း မထုတ်ပြန်သေးကြောင်း သိရှိရသည်။
အမေရိကန် နိုင်ငံ ငလျင် တိုင်းသာရေး စခန်း၏ ထုတ်ပြန်ချက်အရ ငလျင် သည် ဒေသတွင်း စံတော်ချိန် သြဂုတ်လ ၁၁ ရက်နေ့ ၁၃ နာရီ ၂၈ မိနစ်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ငလျင် ဗဟို သည် မနီလာ မြို့ နှင့် ၇၀ ကီလိုမီတာ အကွာအဝေး ရှိ Batangas ပြည်နယ်တွင် ဖြစ်ပြီး ငလျင် အနက်မှာ ၁၆၈ ကီလိုမီတာ ခန့်ရှိကြောင်း သိရှိခဲ့ရသည်။
ငလျင် ဖြစ်ပွား ပြီးနောက်တွင် မြို့တော် မနီလာ ၊ Zambales ပြည်နယ် ၊ Cavite ပြည်နယ် နှင့် Subic ပင်လယ်ကွေ့ တို့တွင် ပြင်းထန်သည့် ငလျင် ကို ခံစားခဲ့ရကြောင်း သိရှိခဲ့ရသည်။
ဖိလစ်ပိုင် နိုင်ငံ သည် ပစိဖိတ် အဝန်း မီးတောင် ငလျင်ကျော ဒေသတွင် တည်ရှိပြီး မကြာခဏ ငလျင် ဖြစ်ပွား ကြောင်း သိရှိရသည်။(Xinhua)