Connect with us

Asia

သီရိလင်္ကာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး က ရာထူး မှ နှုတ်ထွက်ကြောင်း ကြေညာချက် ထုတ်ပြန်

သီရိလင်္ကာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး Ravi Karunanayake အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး Ravi Karunanayake သည် စီးပွားရေး မသမာမှု တစ်ခု တွင် ပါဝင်ကြောင်း သတင်းဆိုးထွက်ခဲ့သည့် အတွက် သြဂုတ်လ ၁၀ ရက်နေ့၌ ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သီရိလင်္ကာ နိုင်ငံ သမ္မတ စုံစမ်းစစ်ဆေးရေး ကော်မတီ က ဇူလိုင်လ ၌ သီရိလင်္ကာ ဗဟိုဘဏ်၏ ဥက္ကဋ္ဌ ဟောင်း Arjuna Mahendran နှင့် ၎င်း၏ သားမက် ဖြစ်သူတို့မှ အစိုးရ ဘဏ္ဍာငွေ တစ်ရပ် ကို တရားမဝင် အသုံးပြုမှု ကို စစ်ဆေးခဲ့ရာတွင် ဥက္ကဋ္ဌဟောင်း ၏ သားမက် ဖြစ်သူ က သီရိလင်္ကာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အား ကိုလံဘို ရှိ အဆင့်မြင့် အိမ်ယာ တစ်ခု ကို အငှားစာချုပ် ပြုလုပ်ပေးခဲ့ကြောင်း ကို တွေ့ရှိခဲ့သည်။

ယင်းကိစ္စရပ် နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး Ravi Karunanayake က သြဂုတ်လ ၁၀ ရက်နေ့၌ လွှတ်တော်တွင် ရာထူးမှ နှုတ်ထွက်ခြင်းသည် အစိုးရ ၏ ပုံရိပ်ကို ထိန်းသိမ်း လိုသောကြောင့် ဖြစ်ပြီး မိမိ အပေါ် စွပ်ဆွဲမှု သည် လုံးဝ သက်သေအထောက်အထား မရှိကြောင်း ပြောကြား ခဲ့သည်။ ယင်းသို့ပြောဆိုခြင်း မတိုင်မီ နိုင်ငံခြားရေး ဝန်ကြီး က အဆင့်မြင့် အိမ်ယာ ကိစ္စရပ်သည် မိသားစုဝင် တို့မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မိမိ အနေဖြင့် မသိရှိခဲ့ကြောင်း ကိုလည်း ပြောကြား ခဲ့သည်။

သီရိလင်္ကာ နိုင်ငံ လွှတ်တော် သည် သြဂုတ်လ ၁၀ ရက်နေ့၌ နိုင်ငံခြားရေးဝန်ကြီး ၏ အဆင့်မြင့် အိမ်ယာ အမှု နှင့် ပတ်သက်၍ ယုံကြည်မှု မရှိကြောင်း ကို မဲခွဲ ဆုံးဖြတ်ရန် စီစဉ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.