Connect with us

Asia

အင်ဒိုနီးရှား အနောက်ပိုင်းတွင် ပြင်းအား ၆.၆ ရှိသော ငလျင် လှုပ်ခတ်

ငလျင်ကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဘန်ကူလုပြည်နယ်တွင် အင်အား ၆.၆ ရစ်ချ်တာစကေးရှိသော ငလျင် တစ်ခု ယနေ့ (သြဂုတ် ၁၃ ရက်) လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဘူမိဗေဒဋ္ဌာန တာဝန်ရှိသူ မူဟာမတ်တီဇမ်က ဆင်ဟွာသို့ တယ်လီဖုန်းက တစ်ဆင့် ပြောကြားခဲ့သည်။

အမေရိကန် ဘူမိဗေဒ တိုင်းတာချက်အရ အဆိုပါ ငလျင်သည် သြဂုတ်လ ၁၃ ရက် နံနက် ၃း၀၈ နာရီအချိန်၌ အင်ဒိုနီးရှားနိုင်ငံ ဘန်ကူလုပြည်နယ် အနောက်ဘက် ၇၃ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ငလျင် ဗဟိုချက်မှာ တောင်လတ္တီကျု ၃.၇၉၃၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၀၁.၆၀၀၃ ဒီဂရီအကြား အနက် ၃၅.၈၉ ကီလိုမီတာ၌ ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ယင်း ငလျင်ကြောင့် လူသေဆုံးမှုနှင့် ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117