Asia
ဖိလစ်ပိုင် အလယ်ပိုင်း ငလျင်လှုပ်၊ ပျက်စီးမှု မရှိဟုဆို
မနီလာ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် ယနေ့ (ဇူလိုင်လ ၆ ရက်) ပြင်းအား ၆.၅ အင်အားရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင် အသင်းက ပြောကြားခဲ့သည်။
အဆိုပါ ငလျင်မှာ ဒေသစံတော်ချိန် ညနေ ၄း၀၃ နာရီ အချိန်၌ Leyte ပြည်နယ် ဂျာရိုခရိုင် အနောက်တောင်ဘက် ၈ ကီလိုမီတာအကွာ၊ အနက် ၂ ကီလိုမီတာတွင် ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထိုငလျင် ဒဏ်ကို စီဘူးမြို့၊ Negros Occidental နှင့် Surigao del Norte စသည့်ဒေသများ အပါအဝင် ဖိလစ်ပိုင် အလယ်ပိုင်းရှိ ပြည်နယ်များတွင် ခံစားခဲ့ရကြောင်း သိရသည်။
လတ်တလောတွင် ပျက်စီး ဆုံးရှုံးမှု မရှိသေးသော်လည်း နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
ငလျင်မှာ ကုန်းတွင်း၌ ဖြစ်ပွားခဲ့သည့်အတွက် ဆူနာမီ ဖြစ်ပွားနိုင်ခြေမရှိကြောင်းနှင့် ငလျင်ကြောင့် ကျောင်းသူ ကျောင်းသားများ ထိတ်လန့် ကြောက်ရွံ့ခဲ့ကြသလို အဆိုပါ ပြည်နယ်များ၌ လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)