Connect with us

Asia

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံ မီးလောင်ကျွမ်း၊ သေဆုံးသူ မရှိဟုဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထည်ချုပ်စက်ရုံ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အစွန်အဖျားက Savar မြို့ရှိ အထပ် ရှစ်ထပ်ရှိသော အထည်ချုပ် အဆောက်အအုံ တစ်ခု ဇူလိုင်လ ၈ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဇူလိုင်လ ၉ ရက် နံနက်အစောပိုင်းတွင် မီးထိန်းနိုင်ခဲ့ကာ လူသေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ အဆိုပါ စက်ရုံ၏ ပထမထပ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်သမားများ ရောက်ရှိချိန်၌ ပထမထပ်နှင့် ဒုတိယထပ် နှစ်ထပ်လုံး မီးလောင်ကျွမ်းနေပြီ ဖြစ်ကြောင်း မီးသတ် အရာရှိ ဖြစ်သူ Shafiqul Islam က သတင်းထောက်များသို့ ပြောကြားခဲ့သည်။မီးလောင်ကျွမ်းမှုကြောင့် လူသေဆုံးမှု မရှိသလို အဆောက်အအုံအတွင်း ပိတ်မိနေသူလဲ တစ်ဦးတစ်ယောက်မျှ မရှိဟု ဆိုသည်။

“မီးမလောက်မီ နာရီဝက်အလို ဒေသစံတော်ချိန် ည ၈း၃၀ နာရီခန့်မှာ စက်ရုံ ပိတ်ခဲ့တာဖြစ်လို့ အဆောက်အအုံထဲမှာ ဘယ်သူမှ ရှိမနေခဲ့ပါဘူး” ဟု အဆိုပါ အရာရှိက ပြောသည်။Medlar Apperals Ltd ပိုင် အဆောက်အအုံ မီးလောင်ကျွမ်းမှုမှာ ဒေသစံတော်ချိန် ည ၉း၁၅ နာရီအချိန်တွင် စတင် တောက်လောင်ကျွမ်းခဲ့ကြောင်း မီးသတ် ထိန်းချုပ်ရေးခန်း အရာရှိ Mahmudul Haque က ဆင်ဟွာသို့ ပြောသည်။အဆိုပါ မီးလောင်ကျွမ်းမှုမှာ ပထမထပ်ရှိ စတိုခန်းမှာ စတင်ခဲ့ခြင်း ဖြစ်ပြီး ခဏအတွင်းမှာပင် တစ်ထပ်လုံးကို ဝါးမျိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

မီးသတ်ဋ္ဌာန ၁၂ ခုမှ ဝိုင်းဝန်းကာ မီးငြှိမ်းသတ်ခဲ့ရပြီး ဒေသစံတော်ချိန် ည ၁၁း၅၄ နာရီတွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။စက်ရုံ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား ချက်ချင်း မသိရသေးကြောင်း၊ မီးဘေး လွတ်ရာသို့ ထွက်ပြေးခဲ့ကြသည့် အလုပ်သမား ရာပေါင်းများစွာမှာမူ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဆောက်အအုံ ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် မတော်တဆမှုများ အစဉ် ဖြစ်ပွားကာ အလုပ်သမားများလည်း သေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)