Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် လမ်းမတော်တဆမှုကြောင့် လူ ၁၄ ဦး သေဆုံး

အိန္ဒိယတွင် ဘတ်စ်ကားနှင့် ကား ဝင်တိုက်နေခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အတ်တာပရာဒတ်ရှ်ပြည်နယ်တွင် ယနေ့ (ဇူလိုင်လ ၆ ရက်) တွင် လမ်းမတော်တဆမှု နှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

ပထမအကြိမ် လမ်းမတော်တဆမှုမှာ ယနေ့ နံနက်ပိုင်းတွင် ဖြစ်ပြီး ခရီးသည် ၅၀ ဦး တင်ဆောင်လာသည့် နိုင်ငံပိုင် ဘတ်စ်ကား တစ်စီးသည်ဘစ်ဂျ်နောခရိုင်အတွင်း အမျိုးသား အဝေးပြေးလမ်းပေါ်တွင် ပြေးဆွဲနေသည့် နံပါတ် ၇၄ ကား တစ်စီးနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

“ကားတိုက်မှု ဖြစ်ပြီးပြီးချင်းမှာပဲ လူ ၉ ဦးက နေရာတွင်ပင် သေဆုံးကာ အခြား နှစ်ဦးက ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ တက်ခဲ့ရတယ်။ သူတို့ရဲ့ အခြေအနေတွေက စိုးရိမ်ဖွယ် အနေအထားပါ။ လမ်းမတော်တဆမှုမှာ နစ်နာသူတွေက ကားပေါ်မှာ ပါလာတဲ့သူတွေများတယ်” ဟုအဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောသည်။

ယင်းသို့ မတော်တဆမှု ဖြစ်ပွားရခြင်း အကြောင်းရင်းအား စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ ရဲများအား ပြောပြသည့် မျက်မြင်သက်သေ၏ အဆိုအရ ဘတ်စ်ကားမှာ အရှိန်မထိန်းနိုင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ဘတ်စ်ကား ယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဆေးရုံသို့ ပိုဆောင်ထားကြောင်း သိရသည်။

ဒုတိယမြောက် မတော်တဆမှုမှာ အတ်တာပရာဒတ်ရှ်ပြည်နယ် စီတာပူခရိုင် လဟာပါမြို့တွင် ခရီးသွားနေသော ကား တစ်စီးနှင့် အရှိန်ပြင်းပြင်းမောင်းနှင်လာသော ထရပ်ကား တစ်စီးတို့ တိုက်မိပြီးနောက် မိသားစုဝင် ငါးဦး သေဆုံးကာ အခြားသူ နှစ်ဦး သေဆုံးခဲ့ကြောင်း အခြား ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

သေဆုံးသူများကို ခွဲစိတ်စစ်ဆေးရန် ဒေသခံ ဆေးရုံသို့ ပို့ခဲ့ကြောင်း၊ ယာဉ်တိုက်မှု ဖြစ်ပြီးပြီးချင်း ထွက်ပြေးခဲ့သည့် ထရပ်ကား မောင်းသူအား ဖမ်းဆီးမိရေး လုပ်ဆောင်နေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လမ်းမတော်တဆမှုကြောင့် လူသေဆုံးမှု အမြင့်ဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ယာဉ်မောင်းသူ၏ မဆင်မခြင် မောင်းနှင်မှု သို့မဟုတ် လမ်းများနှင့် ယာဉ်များ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းများကြောင့် လမ်းမတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.