Asia
ဘန်ကီမွန်း တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်မည် မဟုတ်
ဆိုးလ်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်တွင် လွှတ်တော်အတွင်း သတင်းစာရှင်းလင်းပွဲ တစ်ခု၌ ဘန်ကီမွန်းက ထုတ်ဖော် ပြောကြားလိုက်သည်။
တောင်ကိုရီးယား သမ္မတအဖြစ် လုပ်ကိုင်ပြီး တိုင်းပြည်၏ နိုင်ငံရေး ပြောင်းလဲမှုနှင့် အမျိုးသား စည်းလုံးညီညွတ်မှုကို ဦးဆောင်လိုသော ၎င်း၏ စစ်မှန်သော ဆန္ဒအား လက်လွှတ်လိုက်တော့မည် ဖြစ်ကြောင်း ယနေ့ လွှတ်တော်အတွင်း ကြိုတင်စီစဉ်ထားခြင်း မရှိသည့် သတင်းစာရှင်းလင်းပွဲ တစ်ခု၌ ဘန်က သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်မည်ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဘန် အနေဖြင့် တရားဝင် ပြောကြားထားခြင်း မရှိသေးသော်လည်း ကွန်ဆာဗေးတစ် အသိုင်းအဝိုင်းအတွင်း သမ္မတ ဖြစ်နိုင်ခြေ အရှိဆုံး ပုဂ္ဂိုလ်အဖြစ် အများက ရှုမြင်ထားသူ တစ်ဦး ဖြစ်သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသည် ကြိုတင် ကြေညာထားခြင်း မရှိဘဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဘန်သည် ကုလသမဂ္ဂတွင် အမြင့်ဆုံး ရာထူး တာဝန်အား သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ပြီးနောက် ဇန်နဝါရီလ ၁၂ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။ (Xinhua)