Connect with us

Asia

ဇမ်ဘီးယားတွင် ဘတ်စ်ကား နှင့် ကုန်တင်ကားတိုက်မိ၍ လူ ၉ဦးသေဆုံး

ဇမ်ဘီးယားနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ဘတ်စ်ကား နှင့် ကုန်တင်ကားတိုက်မိမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လူဆာကာ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဇမ်ဘီးယားနိုင်ငံ အလယ်ပိုင်း ရှိ Kabwe မြို့တွင် ဘတ်စ်ကား နှင့် ကုန်တင်ကား တိုက်မိ၍ အခင်းဖြစ်ပွားရာ၌ပင် လူ ၉ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် ကုန်းလမ်းပို့ဆောင်ရေး နှင့် ဘေးကင်းလုံခြုံရေး ဋ္ဌာနက ဇန်နဝါရီ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

ယာဉ်တိုက်မှု သည် ဇန်နဝါရီ ၃၁ ရက် အစောပိုင်းတွင်ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားပုံမှာ မီနီဘတ်စ်ကားမောင်းသူ သည် အရှိန်ပြင်းစွာ မောင်းနှင်လာ၍ အရှိန်မထိန်းနိုင်ဘဲ ကုန်တင်ကားအား ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဇမ်ဘီးယား ရဲတပ်ဖွဲ့ နှင့် ကုန်းလမ်းပို့ဆောင်ရေး နှင့် ဘေးကင်းလုံခြုံရေး ဋ္ဌာန တို့၏ ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်၌ အရှိန်ပြင်းစွာ မောင်းနှင်လာသော ဘတ်စ်ကားသည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ကျော်လွန်ရောက်ရှိလာကာ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ကုန်တင်ကား နှင့် တိုက်မိခြင်းဖြစ်ကြောင်း ပါရှိသည်။

သေဆုံးသူများမှာ ယာဉ်မောင်း ၂ဦးပါဝင်သည့် အမျိုးသား ၅ဦး နှင့် အမျိုးသမီး ၄ဦး တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘတ်စ်ကားသည် ခရီးသည် ၃၄ဦးသယ်ဆောင်လာကြောင်း သိရသည်။

နိုင်ငံပိုင် ရုပ်သံလိုင်း ဇမ်ဘီးယားအမျိုးသားရုပ်သံထုတ်လွှင့်မှုကော်ပိုရေးရှင်း ၏ ဖော်ပြချက်အရ ၁၀ဦးမြောက် သေဆုံးသူသည် ဒေသခံဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်ပြီး လူ ၁၉ဦးဒဏ်ရာရရှိခဲ့ကာ ၉ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

ဇမ်ဘီယားနိုင်ငံတွင် အများသုံးဘတ်စ်ကားများ မတော်တဆဖြစ်မှု အပါအဝင် လမ်းမတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး အများသုံးယာဉ်များ ညဖက်တွင် သွားလာခြင်းကို တားမြစ်ရန် အစိုးရအား သတိပေးနေကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.