Connect with us

Asia

နိုင်ငံခြားသား ဧည့်သည်များအတွက် အန်ကောဝပ်သို့ ဝင်ကြေး ကမ္ဘောဒီးယား တိုးမြှင့်

အန်ကောဝပ်သို့ လာရောက် လည်ပတ်ကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ နာမည်ကျော် အန်ကောဝပ် ရှေးဟောင်း သုတေသန ဥယျာဉ်သို့ လာရောက် လည်ပတ်မည့် နိုင်ငံခြားသား ဧည့်သည်များအတွက် လက်မှတ် ဈေးနှုန်းများကို ဖေဖော်ဝါရီလ ၁ ရက်မှ စတင် တိုးမြှင့်လိုက်ကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဖေဖော်ဝါရီလ ၁ ရက်တွင် ပြောကြားလိုက်သည်။

“အန်ကောဝပ် ဝင်ကြေး နှုန်းထားတွေ ဒီနေ့က စပြီး တိုးလိုက်ပါပြီ” ဟု အဆိုပါ ရှေးဟောင်းနယ်မြေအား ကြီးကြပ်နေသည့် Apsara အာဏာပိုင် ဆက်သွယ်ရေးဋ္ဌာန လက်ထောက် ညွှန်ကြားရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ Long Kosal က ပြောသည်။

ယင်း ရှေးဟောင်းဥယျာဉ်သို့ တစ်နေ့တာ ဝင်ရောက်ခွင့် လက်မှတ်ကို အမေရိကန် ဒေါ်လာ ၂၀ မှ ၃၇ ဒေါ်လာသို့ လည်းကောင်း၊ သုံးရက်စာ လည်ပတ်ခွင့် လက်မှတ်နှုန်းထားကို ဒေါ်လာ ၄၀ မှ ၆၂ ဒေါ်လာသို့ လည်းကောင်း၊ ၇ ရက်တာအတွက် ဒေါ်လာ ၆၀ မှ ၇၂ ဒေါ်လာသို့ လည်းကောင်း အသီးသီး တိုးမြှင့်လိုက်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသားများနှင့် အသက် ၁၂ နှစ်အောက် ကလေးငယ်များအတွက် ဝင်ခွင့် အခမဲ့ စနစ်ကိုမူ ဆက်လက် ထားရှိမည် ဖြစ်သည်။

ထို့ပြင် ခရီးသွား ဧည့်သည်များအတွက် အန်ကောဝပ် ရှေးဟောင်း သုတေသန ဥယျာဉ်အကြောင်း ဖော်ပြထားသည့် ဝက်ဘ်ဆိုဒ်အသစ် www.angkor.com.kh ကို ကြေညာထားကြောင်း Apsara အာဏာပိုင် က ဖေဖော်ဝါရီလ ၁ ရက်တွင် ပြောကြားလိုက်သည်။

ထို ဝက်ဘ်ဆိုဒ်တွင် ဗီဇာ လိုအပ်ချက်များ၊ လမ်းညွှန်မြေပုံ၊ အန်ကောဝပ် ဧည့်ဝင်ခွင့် ကုတ်၊ ခရီးစဉ်များ၊ ပြတိုက်များ၊ ပြင်ပ လေ့လာရေး ခရီးစဉ်များနှင့် အဆိုပါ ဥယျာဉ် အတွင်းနှင့် အနီးဝန်းကျင်ရှိ ယဉ်ကျေးမှု တင်ဆက် ပြသထားမှုများ စသည့် အချက်အလက်များ ပါဝင်သည်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Siem Reap ပြည်နယ်ရှိ အန်ကောဝပ် ရှေးဟောင်း သုတေသန ဥယျာဉ်သည် ၁၉၉၂ ခုနှစ်က ယူနက်စကို ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ရောက်ခဲ့သည်။

၂၀၁၆ ခုနှစ်က အန်ကောဝပ် ရှေးဟောင်း သုတေသန ဥယျာဉ်သို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ဧည့်သည် ၂.၂ သန်း ရှိခဲ့ပြီး လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၆၂.၅ သန်း ရှိခဲ့ကြောင်း အစိုးရ စာရင်းဇယားများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.