Asia
မလေးရှားနိုင်ငံ ဘုရင်သစ်အဖြစ် ဆူလ်တန် အဗ္ဗဒူလာအား ရွေးချယ်

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ၏ ၁၆ ဦးမြောက်ဘုရင်အဖြစ် ပါဟန်ပြည်နယ်မှ ဆူလ်တန် အဗ္ဗဒူလာ ဆူလ်တန် အာမက် ရှာ (Sultan Abdullah Sultan Ahmad Shah) အား ဘုရင်ခံများညီလာခံက ဇန်နဝါရီလ ၂၄ ရက်တွင် ရွေးချယ်ခဲ့ကြောင်း ဘနားမားသတင်းအေဂျင်စီအရ သိရသည်။
ဇန်နဝါရီလ ၆ ရက်တွင် နန်းစွန့်ခဲ့သော မလေးရှားနိုင်ငံ၏ ဘုရင် ဆူလ်တန် မူဟာမက် ဗီ (Sultan Muhammad V) ၏ နေရာတွင် ဆက်ခံမည့် အဗ္ဗဒူလာက မလေးရှားနိုင်ငံ၏ ဘုရင်အဖြစ် ဇန်နဝါရီလ ၃၁ ရက်တွင် တရားဝင်ရာထူးအပ်နှင်းခြင်းခံရမည် ဖြစ်သည်။ (Xinhua)