Connect with us

Asia

မလေးရှားနိုင်ငံ ဘုရင်သစ်အဖြစ် ဆူလ်တန် အဗ္ဗဒူလာအား ရွေးချယ်

မလေးရှားနိုင်ငံ၏ ၁၆ ဦးမြောက်ဘုရင်အဖြစ် တင်မြှောက်ခံရသော ပါဟန်ပြည်နယ်မှ ဆူလ်တန် အဗ္ဗဒူလာ ဆူလ်တန် အာမက် ရှာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ၏ ၁၆ ဦးမြောက်ဘုရင်အဖြစ် ပါဟန်ပြည်နယ်မှ ဆူလ်တန် အဗ္ဗဒူလာ ဆူလ်တန် အာမက် ရှာ (Sultan Abdullah Sultan Ahmad Shah) အား ဘုရင်ခံများညီလာခံက ဇန်နဝါရီလ ၂၄ ရက်တွင် ရွေးချယ်ခဲ့ကြောင်း ဘနားမားသတင်းအေဂျင်စီအရ သိရသည်။

ဇန်နဝါရီလ ၆ ရက်တွင် နန်းစွန့်ခဲ့သော မလေးရှားနိုင်ငံ၏ ဘုရင် ဆူလ်တန် မူဟာမက် ဗီ (Sultan Muhammad V) ၏ နေရာတွင် ဆက်ခံမည့် အဗ္ဗဒူလာက မလေးရှားနိုင်ငံ၏ ဘုရင်အဖြစ် ဇန်နဝါရီလ ၃၁ ရက်တွင် တရားဝင်ရာထူးအပ်နှင်းခြင်းခံရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.