Connect with us

Asia

ကင်ဂျုံအမ်း က ဒုတိယ အကြိမ်မြောက် မြောက်ကိုရီးယား-အမေရိကန် ခေါင်းဆောင် အစည်းအဝေး အား ကောင်းမွန်စွာ ပြင်ဆင်ထားရန် ပြောကြား

မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် ကင်ဂျုံအမ်း က ဇန်နဝါရီ ၂၃ ရက် ၌ အမေရိကန် နိုင်ငံ သို့ သွားရောက်လည်ပတ် ပြီး ပြန်လည်ရောက်ရှိလာသည့် မြောက်ကိုရီးယား နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ အား လက်ခံတွေ့ဆုံခဲ့ကာ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ တက်ကြွသည့် တွေးခေါ်မှု ပုံစံ ကို ယုံကြည်ပြီး ယင်းက နှစ်နိုင်ငံ အတူတကွ ဦးတည်ချက် သို့ ရောက်ရှိစေနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ကင်ဂျုံအမ်း က ကိုယ်စားလှယ် အဖွဲ့ ၏ အမေရိကန် သို့ သွားရောက်လည်ပတ်မှု မှ ရရှိခဲ့သည့် အောင်မြင်မှုများ ကို နားထောင်ခဲ့ကြောင်း ၊ ကင်ဂျုံအမ်း အနေဖြင့် ကိုယ်စားလှယ် အဖွဲ့ မှ ဝါရှင်တန် တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အစည်းအဝေး မှ ရရှိခဲ့သည့် အောင်မြင်မှု အပေါ် စိတ်ကြေနပ်ကြောင်း ၊ ဒုတိယ အကြိမ်မြောက် မြောက်ကိုရီးယား-အမေရိကန် ခေါင်းဆောင် အစည်းအဝေး အတွက် လိုအပ်သည်များကို ပြင်ဆင်ရန် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကင်ဂျုံအမ်း က အမေရိကန် နိုင်ငံ သမ္မတ ကိုယ်တိုင်ရေးသား ပေးပို့သည့် စာကို လက်ခံရရှိခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ ဒုတိယ အကြိမ်မြောက် အစည်းအဝေး အပေါ် စိတ်ဝင်စားခြင်း နှင့် ပြဿနာ ကို ဖြေရှင်းရာတွင် တမူထူးခြား သည့် ဇွဲလုံ့လ တို့အပေါ် မြင့်မားစွာ ချီးမွမ်းကြောင်း သတင်းဖော်ပြချက်အရ သိရှိရသည်။

အမေရိကန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ က အမေရိကန် သို့ လာရောက်လည်ပတ်စဉ် အတွင်း အမေရိကန် နိုင်ငံ သမ္မတ နှင့် နိုင်ငံခြားရေး ဝန်ကြီး တို့နှင့် တွေ့ဆုံခဲ့ကြောင်း ၊ အိမ်ဖြူတော် က ဇန်နဝါရီ ၁၈ ရက် ၌ အမေရိကန် သမ္မတ အနေဖြင့် ဖေဖော်ဝါရီ လကုန် ပိုင်း တွင် ကင်ဂျုံအမ်း နှင့် ဒုတိယ အကြိမ်မြောက် တွေ့ဆုံဖြစ်ကြောင်း ၊ တွေ့ဆုံမည့် နေရာ အား နောက်ပိုင်း အချိန် တွင် ထပ်မံကြေညာ သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.