Asia
လာအို ယာဉ်မတော်တဆမှုတွင် လူ ၅ဦးသေ၊ ၁၃ဦး ဒဏ်ရာရရှိ

ဗီယင်ကျန်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)
လာအိုနိုင်ငံ အလယ်ပိုင်း Khammuan ပြည်နယ် တွင် မတ် ၁၃ရက် ညနေပိုင်းက ထရပ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၅ဦးသေဆုံးပြီး ခရီးသည် ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းနေ့စဉ် သတင်းစာ Vientiane Times က မတ် ၁၅ရက်တွင်ဖော်ပြခဲ့သည်။
ဒေသခံအာဏာပိုင်များက ယင်းထရပ်ကားတွင် ကားမောင်းသူ အပါအဝင် လူ ၂၅ဦး လိုက်ပါလာပြီး ဘရိတ်ချို့ယွင်းမှုကြောင့် ဒေသစံတော်ချိန် ၁ရး၀၀နာရီတွင် ယာဉ်တိမ်းမှောက်ခဲ့ရကြောင်းပြောကြားခဲ့သည်။
ခရီးသည် ၅ဦးသည် အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ပြီး လူ၆ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ လူ ၇ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။
အများပြည်သူလုံခြုံရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့၏ ပြောကြားချက်အရ လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းမြို့ အရှေ့ဘက် ၂၃၀ကီလိုမီတာ အကွာ Khammuan ပြည်နယ် ၌ ၂၀၁၈ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလတွင် ယာဉ်တိုက်မှု ၁၇ခုဖြစ်ပွားခဲ့ပြီး လူ ၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)