Connect with us

Asia

ပါကစ္စတန်နိုင်ငံ စစ်ဆေးရေးဂိတ်တစ်ခုတွင် အသေခံဗုံးဖေါက်ခွဲမှုကြောင့် လူ ၉ ဦး သေဆုံး

ဗုံးဖေါက်ခွဲမှု ဖြစ်ပွားပြီးနောက် အချင်းဖြစ်ပွားသောနေရာကို တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် လာဟိုးမြို့အနီး စစ်ဆေးရေးဂိတ်တစ်ခုတွင် မတ်လ ၁၄ ရက်နေ့က အသေခံဗုံးဖေါက်ခွဲမှုတစ်ခုကြောင့် လုံခြုံရေးရဲဝန်ထမ်း ၅ ဦး အပါအဝင် လူ ၉ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ အနည်းဆုံး အယောက် ၂၀ ခန့် ရှိကြောင်း ပါကစ္စတန်မီဒီယာများ၏ ထိုနေ့တွင်ထုတ်ပြန်သောသတင်းများအရ သိရှိရသည်။

တာဝန်ကျကင်းလှည့်ရဲတပ်ဖွဲ့က ၎င်း စစ်ဆေးရေးဂိတ်ရောက်ရှိပြီးမကြာမီ အသေခံဗုံးခွဲတိုက်ခိုက်သူတစ်ဦးက ထိုနေရာအနီးတဝိုက်တွင် တပ်ဆင်ထားသည့်ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲခဲ့ကြောင်း၊ ဒေသခံလုံခြုံရေး ရဲတပ်ဖွဲ့က အခင်းဖြစ်သောနေရာတွင် ဖြန့်ကျက်စစ်ဆေးနေပြီဖြစ်ကြောင်း၊ လာဟိုးမြို့တစ်မြို့လုံး၏လုံခြုံရေး ကိုလည်း တိုးမြှင့်ထားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.