Asia
သီရိလင်္ကာတွင် ကားနှင့်ရထားတိုက်မိခဲ့၍ ငါးဦးသေဆုံး
ကိုလံဘို၊ နိုဝင်ဘာ ၂၈ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ တောင်ပိုင်းမြို့ဖြစ်သည့် Wadduwa မြို့တွင် နိုဝင်ဘာ ၂၇ရက်က ရထားတစ်စီးနှင့် ကားတစ်စီး တိုက်မိခဲ့၍ လူငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က တောင်ပိုင်းမြို့ဖြစ်သည့် Galleမြို့မှ ကိုလံဘိုမြို့သို့ ထွက်ခွာလာသော ရထားတစ်စင်းသည် ကားလမ်းနှင့် ရထားလမ်းဖြတ်ကူးရာနေရာတွင် ဗင်ကားတစ်စီးအားတိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံတွင် ရထားလမ်းဖြတ်ကူးစဉ် မတော်တဆဖြစ်ရပ်များ ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းများရှိနေပြီး အောက်တိုဘာလတွင်လည်း နိုင်ငံအနောက်မြောက်ပိုင်း Puttalamမြို့၌ ဗင်ကားတစ်စီးအား ရထားက ဝင်တိုက်ခဲ့၍ လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဇူလိုင်လ တွင်လည်း Meerigam မြို့အနီး၌ ရထားစက်ခေါင်းတစ်ခု နှင့် ရထားတစ်စင်းတိုက်မိ၍ လူလေးဦးဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် မေလ၌လည်း ကိုလံဘိုမြို့ရှိ ဘူတာရုံတစ်ခုအနီးတွင် ရထားတိုက်မိ၍ လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)