Connect with us

Asia

ဖိလစ်ပိုင် ရှိ အမေရိကန်သံရုံးအနီး ဗုံးတွေ့

#မနီလာမြို့ ရှိ #အမေရိကန်သံရုံး ဗုံးထောင်ခံရ #ဆင်ဟွာ

မနီလာ၊ နိုဝင်ဘာ ၂၈ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့ ရှိ အမေရိကန်သံရုံးအနီး တွင် နိုဝင်ဘာ၂၈ရက် နံနက်ပိုင်းက ဗုံးဟုယူဆရသည့် ပစ္စည်းတစ်ခုအား တွေ့ရှိခဲ့ကြောင်း ပြည်တွင်းသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့များသည် အမေရိကန်သံရုံးအရှေ့ဘက် ရှိ တောင်ဘက်သို့ဦးတည်နေသော Roxas Boulevard လမ်းမအား ဒေသစံတော်ချိန် ရး၃၀နာရီတွင် ပိတ်ထားခဲ့ကြောင်း သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

မနီလာမြို့ရဲတပ်ဖွဲ့၏ ဗုံးရှင်းလင်းရေးအဖွဲ့က နံနက် ၈း၀၀နာရီဝန်းကျင်တွင် ဗုံးဟုသံသယရှိဖွယ် ပစ္စည်းအားရှင်းလင်းခဲ့ပြီး နံနက် ၉း၀၀နာရီတွင် မော်တော်ယာဉ်များသွားလာနိုင်ရန် လမ်း ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

လမ်းသန့်ရှင်းရေးသမားတစ်ဦးက ဗုံးဟုသံသယရှိဖွယ် ပစ္စည်းအား အမှိုက်ပုံးအတွင်း တွေ့ရှိခဲ့ကြောင်း နှင့် ဆယ်လူလာဖုန်းတစ်လုံးအား ဝါယာကြိုး အနီ၊ အမည်းများ နှင့် ချိတ်ဆက်ထားသော အမည်းရောင် လုံးဝန်းသော အရာဝတ္ထုတစ်ခု နှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.