Asia
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းတွင် အင်အား၆.၅ အဆင့်ရှိ ငလျင်လှုပ်ရှားမှုကြောင့် လူ ၆ဦးသေဆုံးကာ တစ်ဒါဇင်ကျော်ဒဏ်ရာရရှိခဲ့
ဂျာကာတာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် Maluku ပြည်နယ် တွင် စက်တင်ဘာ ၂၆ ရက်က အင်အား ၆.၅ အဆင့်ရှိသည့် ငလျင်လှုပ်ရှားမှုကြောင့် လူ၆ ဦးသေဆုံးခဲ့ကာ လူတစ်ဒါဇင် နှင့် အထက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်၏ မြို့တော် Ambon ရှိ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို တယ်လီဖုန်းမှတစ်ဆင့်ဖြေကြားခဲ့သည်။ (Xinhua)