Connect with us

Asia

အိန္ဒိယက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသဘက်တွင် အင်အား ၄.၆ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်

ငလျင်တိုင်းတာမှု ပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသဘက်ခြမ်းနှင့် ဆက်စပ်ဧရိယာများတွင် ဇန်နဝါရီ ၁၀ ရက်က ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ငလျင်၏ ပြင်းအားသည် ၄.၆ပမာဏရှိကြောင်းပြောကြားခဲ့သည်။ဌာနက ငလျင်သည် မြောက်လတ္တီကျု ၃၄ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၇၈.၄ ဒီဂရီ ရှိ ဂျန်မူဒေသ နှင့် ကက်ရှ်မီးယားဒေသ ကို ဗဟိုပြု၍လှုပ်ခတ်သွားကြောင်း ပြောကြားခဲ့သည်။ငလျင်သည် မြေအောက်အနက် ၁၀ကီလိုမီတာကို ဗဟိုပြု၍ ဒေသစံတော်ချိန် နံနက် ၈း၂၂နာရီတွင် လှုပ်ခတ်သွားကြောင်း သိရသည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုသတင်းများ ထွက်ပေါ်လာခြင်းမရှိကြောင်း သိရသည်။ဘူမိဗေဒပညာရှင်များက အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ သည် ငလျင်လှုပ်ခတ်မှုအများဆုံးဖြစ်သည့် ဇုန်တစ်ခုတွင် တည်ရှိနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.