Connect with us

Asia

စင်ကာပူ နိုင်ငံ တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွား သည့် လူဦးရေ အဆက်မပြတ် တိုးမြင့်

သွေးလွန်တုပ်ကွေး ရောဂါ ကူးဆက်စေသည့် ခြင် အမျိုးအစား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

စင်ကာပူ နိုင်ငံ အမျိုးသား သဘာဝပတ်ဝန်းကျင် ဌာန ၏ ဇန်နဝါရီ ၉ ရက် ၌ လတ်တလော ကာလ အတွင်း စင်ကာပူ နိုင်ငံ တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု နှုန်း အဆက်မပြတ် တိုးမြင့် လာ ခဲ့ကြောင်း ၊ ယင်းမှာ သွေးလွန်တုပ်ကွေး ရောဂါ ပြန့်ပွား စေသော Aedes aegypti အမျိုးအစား ခြင်များ များပြားလာခြင်းကြောင့် ဖြစ်နိုင်ပြီး လူထု အနေဖြင့် ရောဂါ ကာကွယ်နိုင်ရန် ကြိုတင်ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ကြေညာချက်အရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၅ ရက် အထိ တစ်ပတ်တာ အချိန်အတွင်း စင်ကာပူ နိုင်ငံ တွင် သွေးလွန်တုပ်ကွေး ကူးစက် ခံရသူပေါင်း ၂၀၇ ဦး တွေ့ရှိခဲ့ကြောင်း ၊ ယင်းကာလ မတိုင်မီ ရက်သတ္တပတ် နှစ်ပတ်ကလည်း ၁၂၈ ဦး နှင့် ၁၆၀ ဦး အသီးသီး သွေးလွန်တုပ်ကွေး ရောဂါ ကူးစက် ခံခဲ့ရကာ အဆက်မပြတ် မြင့်တက်လာသည် ကို တွေ့ရှိရကြောင်း သိရှိရသည်။

ထို့ပြင် ထုတ်ပြန်ကြေညာချက် တွင် ၂၀၁၈ ခုနှစ် အတွင်း စာရင်း ပြုစုချက် အရ လူပေါင်း ၃၂၈၅ ဦး သွေးလွန်တုပ်ကွေး ရောဂါ ကူးဆက် ခံခဲ့ရပြီး ၂၀၁၇ ခုနှစ် ထက် ၂၀ ရာခိုင်နှုန်း တိုးမြင့် လာခဲ့ကြောင်း ပါဝင် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.