Connect with us

Asia

ကမ္ဘောဒီးယား နိုင်ငံ၌ တရုတ် အကူအညီဖြင့် အားကစားကွင်း တည်ဆောက်ရေး လုပ်ငန်းများ ၄၀ ရာခိုင်နှုန်း ပြီးစီး

ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့ အနီး တရုတ် အကူအညီဖြင့် တည်ဆောက်နေသော အားကစား ကွင်းသစ် ပုံစံငယ်အား တွေ့ ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ငွေကြေး ထောက်ပံ့မှုဖြင့် အမျိုးသား အားကစားကွင်းသစ် တည်ဆောက်ရေး လုပ်ငန်းများမှာ ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ကမ္ဘောဒီးယား အမျိုးသား အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ သုန်ခွန် (Thong Khon) က ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။

ထိုအားကစားကွင်းအား China State Construction Engineering Corporation (CSCEC)က တရုတ်နိုင်ငံ ချေးငွေ အကူအညီ ဖြစ်သော တရုတ်ယွမ်ငွေ ၁.၁ ဘီလီယံ(အမေရိကန် ဒေါ်လာ 160 သန်းခန့်) ဖြင့် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများအား ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သည်။သုန်ခွန် က “ဆောက်လုပ်ရေး လုပ်ငန်းတွေကို ကောင်းမွန်စွာ ဆက်လက် လုပ်ဆောင်နေပါတယ်။အခုထိ ဆိုရင် ၄၀ ရာခိုင်နှုန်း ပြီးစီး နေပြီးတော့ စီမံကိန်း တစ်ခုလုံးကို ၂၀၂၀ ခုနှစ် အကုန်တွင် ပြီးစီးနိုင်ပါတယ်။”ဟု အားကစားကွင်း အတွက် ထိုင်ခုံ ၅၅,၀၀၀ လုံး စတင် တပ်ဆင်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဒီးယား နိုင်ငံ၏ အကြီးမားဆုံး အားကစား ကွင်းကြီးမှာ ပုံဖော်မှု စတင်နေပြီဟု ထိုအခမ်းအနားက ညွှန်ပြနေ သည်ဟု လည်း ၎င်းက ပြောကြားခဲ့သည်။ထိုအားကစားကွင်းသည် ကမ္ဘောဒီးယား မြို့တော် ဖနွမ်းပင် မြို့လယ်မှ မြောက်ပိုင်း ခန့်မှန်း ၁၅ ကီလိုမီတာ အကွာတွင် တည်ရှိပြီး မြေဧရိယာ ၈၅ ဟက်တာ ရှိပြီး အထပ် ၅ ထပ် ပါဝင်ကြောင်း သိရသည်။၂၀၂၃ ခုနှစ် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအား ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပမည် ဖြစ်ရာ ထိုအားကစားကွင်းသစ်သည် ပြိုင်ပွဲ ကျင်းပရန် အတွက် အဓိက နေရာမှ ပါဝင်မည် ဖြစ်ကြောင်း သုန်ခွန် က ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117