Connect with us

Asia

အိန္ဒိယတောင်ပိုင်းတွင် အဆောက်အဦပြိုကျရာ လူ ၈ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် အဆောက်အဦးပြိုကျမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ် ၌ နိုင်ငံပိုင် ပို့ဆောင်ရေးအဆောက်အဦတစ်လုံး၏ အစိတ်အပိုင်းတစ်ခု အောက်တိုဘာ ၂၀ ရက်တွင် ပြိုကျရာ အနည်းဆုံးလူ၈ဦးသေဆုံးပြီး ၃ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Tamil Nadu ပြည်နယ် မြို့တော် Chennaiမြို့ တောင်ပိုင်း ၃၁၂ကီလိုမီတာ အကွာ Nagapattinam မြို့၌ အောက်တိုဘာ ၂၀ ရက် နံနက် ၃း၃၀နာရီက Tamil Nadu ပြည်နယ် ပို့ဆောင်ရေးကော်ပိုရေးရှင်း (TNSTC) အဆောက်အဦ၏ ခေါင်းမိုးတစ်လျှောက် အစိတ်အပိုင်းများပြိုကျခဲ့ကြောင်း သိရသည်။

အဆောက်အဦပြိုကျမှုကြောင့် သေဆုံးသူများသည် ဝန်ထမ်းများဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ လူများအိပ်နေချိန်၌ အဆောက်အဦပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ထမ်းများ နှင့် မီးသတ်သမားများအပြင် ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ရန် စက်ယန္တရားများကိုလည်း အာဏာပိုင်များက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်း ဆယ်စုနှစ် ၆ခုကြာသက်တမ်းရှိပြီဖြစ်သော ယင်းအဆောက်အဦကို ၁၉၅၂ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

အခြေခံအုတ်မြစ်ကောင်းမွန်စွာ တည်ဆောက်ထားခြင်းမရှိသောကြောင့် လူသေဆုံးစေသော မတော်တဆမှုများသည် အိန္ဒိယနိုင်ငံ၌ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.