Connect with us

Asia

ဂျပန်နိုင်ငံ လေတပ်စခန်းတစ်ခု၌ F4 တိုက်ဂျက်လေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ဂျပန်နိုင်ငံ ရှိ F4 တိုက်ဂျက်လေယာဉ် တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

အီဘာရာကီစီရင်စု ရှိ လေတပ်စခန်းတစ်ခုတွင် ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (ASDF) ၏ F4 တိုက်ဂျက်လေယာဉ်တစ်စီးသည် လေယာဉ်ပြေးလမ်းသို့ မောင်းနှင်နေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာန နှင့် ASDF က အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ASDF၏ ဟီရကူရီ လေတပ်စခန်း ၌ ဒေသစံတော်ချိန် နံနက် ၁၁း၃၀နာရီ တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မိနစ် ၃၀ခန့်အကြာတွင် ကယ်ဆယ်ရေးဝန်ထမ်းများက မီးငြိမ်းသတ်ခဲ့ကြောင်း ASDF တာဝန်ရှိသူများကပြောကြားခဲ့သည်။

လေယာဉ်မှူး ၂ဦးစလုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လေယာဉ်မီးလောင်မှုမှ လွတ်မြောက်လာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လေတပ်စခန်းတာဝန်ရှိသူများက မီးလောင်မှုကြောင့် ASDF၏ လေတပ်စခန်း နှင့် ပြေးလမ်း မျှဝေသုံးစွဲသော အီဘာရာကီလေဆိပ်တွင် အကျိုးသက်ရောက်မှုမရှိကြောင်း နှင့် F4 တိုက်လေယာဉ် မီးလောင်သည့် ဧရိယာအား အရပ်ဖက်လေယာဉ်များက အသုံးပြုခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ASDF တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

F4 တိုက်ဂျက်လေယာဉ်သည် လေတပ်စခန်းမှ ထွက်ခွာလာပြီးနောက် ဂျပန်နိုင်ငံ ဟွန်းရှူး ကျွန်းပေါ်ရှိ ကန်တိုဒေသ၏ အရှေ့မြောက်ပိုင်းတွင် ပျံသန်းလေ့ကျင့်မှုများ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.