Connect with us

Asia

အိန္ဒိယတွင် ကုန်တင်ကားတိမ်းမှောက်မှုကြောင့် လူ ၁၀ဦးသေ၊ ၁၂ဦးဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ကုန်တင်ကားတိမ်းမှောက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် တွင် အောက်တိုဘာ ၂၁ရက်က ကြွေပြားများ တင်ဆောင်လာသော ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူ ၁၀ဦးသေဆုံးပြီး အခြားလူ ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောကြားခဲ့သည်။

Maharashtra ပြည်နယ် မြို့တော် မွမ်ဘိုင်းမြို့ အနောက်တောင်ဘက် ၃၆၅ကီလိုမီတာ အကွာခန့် ဆန်ဂလီခရိုင် တာဆာဂိုအန်မြို့အနီးတွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။သေဆုံးသူ နှင့် ဒဏ်ရာရရှိသူများသည် ကုန်တင်ကားပေါ်တွင်လိုက်ပါလာကြသူများဖြစ်ပြီး ကုန်တင်ကားများပေါ်၌ လူများလိုက်ပါ စီးနင်းခြင်းသည် အိန္ဒိယနိုင်ငံတွင် မြင်တွေ့နေကျ ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးပေးခန်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။စက်တင်ဘာလတွင် တရားဝင်ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ အိန္ဒိယနိုင်ငံ၌ ၂၀၁၆ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများကြောင့် တစ်ရက်လျှင် ပျမ်းမျှ လူ ၄၀၀ကျော်သေဆုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117