Connect with us

Asia

အိန္ဒိယတွင် နှင်းတောင်ပြိုကျမှုကြောင့် နေအိမ် အလုံး ၃၀ ပျက်စီး

အိန္ဒိယနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သော နှင်းတောင်ပြိုကျမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆရီနာဂါ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသတွင် နှင်းတောင်ပြိုကျမှုကြောင့် အနည်းဆုံး လူနေအိမ် အလုံး ၃၀ ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။

ကတ်ရှ်မီးယားဒေသ၏ နွေရာသီမြို့တော် ဆရီနာဂါမြို့ မြောက်ဘက် ၁၆၅ကီလိုမီတာ အကွာ Bandipora ခရိုင် Gurez တောင်ကြား ရှိ Khandiyal ရွာ တွင် ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် နှင်းတောင်ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။နှင်းတောင်ပြိုကျမှုကြောင့် လူသေဆုံးမှုမရှိကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

ဒေသခံ အစိုးရ တာဝန်ရှိသူတစ်ဦးက လွန်ခဲ့သည့် ညတွင် နှင်းတောင်ပြိုကျမှုကြောင့် နေအိမ်အလုံး ၃၀ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ နေအိမ် ၂၂လုံးမှာ လုံးဝပျက်စီးသွားခဲ့ပြီး နေအိမ်၈လုံး၊ နွားတင်းကုပ်များ နှင့် ဆိုင်တစ်ချို့ တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။အာဏာပိုင်များသည် အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ နှင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး တပ်ဖွဲ့ဝင်များကို အလျင်အမြန်စေလွှတ်ခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီလ အစောပိုင်းတွင်လည်း ယင်းဒေသရှိ ရဲစခန်းတစ်ခု နှင့် လူနေအိမ်တစ်ခုပေါ် နှင်းတောင်ပြိုကျမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ဦးအပါအဝင် လူ ၁၀ဦးသေဆုံးခဲ့ပြီး သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.