Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်မည့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပြည်ပသတင်းသမား ၂,၆၀၀ စာရင်းပေး

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်ဆောင် ကင်ဂျုံအန် (ဝဲ) တို့ ပထမအကြိမ် စင်ကာပူနိုင်ငံ၌ တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသော အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သတင်းယူရန်အတွက် ပြည်ပသတင်းသမား ၂,၆၀၀ ခန့် စာရင်းပေးထားကြောင်း ဗီယက်နမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး လီဟွိုင်းထရန် (Le Honai Trung) က ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်းတို့၏ တွေ့ဆုံပွဲနေရာအဖြစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့အား ရွေးချယ်လိုက်ကြောင်း ကြေညာပြီးနောက် ယင်းအတွက် ပြင်ဆင်ရန် ရက် ၂၀ သာ ရရှိကြောင်း၊ ပထမအကြိမ် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးအား ပြီးခဲ့သည့်နှစ် စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့စဉ်က ပြင်ဆင်ချိန် နှစ်လနီးပါး ရရှိခဲ့ကြောင်း ထရန် (Trung) က ပြောကြားခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးအား အောင်မြင်စွာ ကျင်းပနိုင်ရန် အတတ်နိုင်ဆုံး လုံခြုံရေးနှင့် ဘေးကင်းရေးအား သေချာစွာ လုပ်ဆောင်ရန် ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ငုယင်ကျန်းဖက် (Nguyen Xuan Phuc) က မကြာသေးမီက ညွှန်ကြားခဲ့သည်။ဝန်ကြီးချုပ်က လက်ခံကြိုဆိုရေးလုပ်ငန်းအား အထူးအာရုံစိုက်လုပ်ဆောင်ရန်နှင့် အစည်းအဝေးသို့ သတင်းလာယူကြမည့် နိုင်ငံတကာ သတင်းထောက်များအတွက် နေရာအများဆုံး စီစဉ်ပေးရန် လိုအပ်ကြောင်းလည်း အလေးထားပြောကြားခဲ့သည်။ (Xinhua)