Asia
အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီး တောင်ကြားထဲပြုတ်ကျခဲ့ရာ လူ ၂၁ဦးသေ၊ ၆ဦးဒဏ်ရာရရှိ
နယူးဒေလီ၊ မေ ၂၄ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် တွင် မေလ ၂၃ ရက်က ဟိန္ဒူဘုရားဖူးများ လိုက်ပါလာသော ဘတ်စ်ကားတစ်စီးသည် တောင်ပေါ်လမ်းတစ်ခုမှ လမ်းချော်ပြီး နက်ရှိုင်းသော တောင်ကြားတစ်ခု အတွင်းသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၁ဦးသေဆုံးပြီး အခြားလူ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Uttarakhand ပြည်နယ် မြို့တော် Dehradunမြို့ မြောက်ဘက် ၁၁၆ ကီလိုမီတာအကွာ Uttarkashi ခရိုင်ရှိ Dharasu ရွာအနီး တွင် မေလ ၂၃ ရက် ညနေပိုင်းက ယင်းယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Uttarakhand ပြည်နယ် ဒုတိယ ကော်မရှင်နာ Ashish Kumar Srivastava က အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ဒဏ်ရာရရှိသူများကို Chinyalisaur ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။
၎င်းက အခင်းဖြစ်ပွားရာနေရာမှ ကယ်ဆယ်ခဲ့သည့် ဒဏ်ရာရရှိသူများ၏ အခြေအနေသည် ပြင်းထန်ပြီး ဆေးရုံ၌ ကုသမှု ခံယူလျက်ရှိကြောင်း နှင့် ယခုအချိန်တွင် ဒဏ်ရာရှိသူများအား ဘတ်စ်ကားပေါ်၌ လူမည်မျှလိုက်ပါလာကြောင်း မေးမြန်းရန် မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ဘတ်စ်ကားသည် Gangotri မြို့ မှ ပြန်လာပြီး Chinyalisaur မြို့သို့ ဦးတည်မောင်းနှင်နေစဉ် မီတာ ၂၅၀ အနက်ရှိသည့် တောင်ကြားထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)