Connect with us

Asia

တောင်ကိုရီးယား သမ္မတဟောင်း ပက်ဂွမ်ဟေးအား ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး


ဆိုးလ်၊ မေ ၂၃ ရက် (ဆင်ဟွာ)

ရာထူးမှ ဖယ်ရှားခံလိုက်ရသော တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ပက်ဂွမ်ဟေး သည် အကျင့်ပျက်ခြစားမှု စွဲချက်များစွာအပေါ် ပထမဆုံးအကြိမ် ကြားနာစစ်ဆေးမှုကို ခံယူရန် ဆိုးလ်မြို့တရားရုံးတစ်ခုသို့ မေ ၂၃ ရက် က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထိပ်ခတ်ခံထားရသော ပက် ကို ဆိုးလ်မြို့ အလယ်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာခဲ့ပြီး လာဘ်ယူမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ ခြိမ်းခြောက်မှု နှင့် အစိုးရလျှို့ဝှက်ချက်များ ပေါက်ကြားစေမှု အပါအဝင် စုစုပေါင်း ရာဇဝတ်မှုဆိုင်ရာ စွဲချက် ၁၈ ချက် ဖြင့် တရားစွဲဆိုထားမှုကို ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

ပက် အား လူမြင်ကွင်း၌ ယခုကဲ့သို့မြင်တွေ့ရခြင်းသည် ၎င်းအား ထိန်းသိမ်းခဲ့သော မတ်လ ၃၁ ရက်နေ့ မှစ၍ ပထမဆုံးအကြိမ်မြင်တွေ့ရခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ပက်အား ရာထူးမှ ဖယ်ရှားမည့် အဆိုအား မတ်လ ၁၀ရက်နေ့တွင် အတည်ပြုထောက်ခံပေးခဲ့ကြောင်း သိရသည်။

ဆိုးလ်မြို့ အလယ်ပိုင်းခရိုင်တရားရုံးသို့ ပထမဆုံးအကြိမ် ရုံးထုတ်လာသည့် တောင်ကိုရီးယား သမ္မတဟောင်း ပက်ဂွမ်ဟေးအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်မြို့ အလယ်ပိုင်းခရိုင်တရားရုံးသို့ ပထမဆုံးအကြိမ် ရုံးထုတ်လာသည့် တောင်ကိုရီးယား သမ္မတဟောင်း ပက်ဂွမ်ဟေးအား တွေ့ရစဉ် (ဆင်ဟွာ)

ပက်၏ ပထမဆုံးအကြိမ် ကြားနာမှုကို တရားသူကြီး ၃ဦးဖြင့် ဒေသစံတော်ချိန် နံနက် ၁၀း၀၀နာရီ ခန့်တွင် ပြုလုပ်ခဲ့ပြီး ၎င်းတို့အနက် ၁ဦးသည် ပက်နှင့် ကြာလရှည်ရင်းနှီးခဲ့သော လူယုံဖြစ်သည့် Choi Soon-sil ၏ အမှုအား တာဝန်ယူ စစ်ဆေးနေသူလည်းဖြစ်ကြောင်း သိရသည်။ Choi Soon-silသည် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများတွင် အဓိကပါဝင်ခဲ့ပြီး ၎င်းအား ထိန်းသိမ်းထားကြောင်း သိရသည်။

အစိုးရရှေ့နေများက ပက် နှင့် Choi အား ရာဇဝတ်မှု ကြံရာပါများအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့သည် Samsung, Lotte နှင့် SK ကဲ့သို့သော လုပ်ငန်းစုကြီးများမှ ကိုရီးယား ဝမ် ၅၉.၂ဘီလီယံ ခန့် (အမေရိကန်ဒေါ်လာ ၅၂သန်း) တန်ဖိုးရှိသည့် လာဘ်ပေးလာဘ်ယူမှုများကို ပြုလုပ်ခဲ့ကြောင်း ရှေ့နေများက စွပ်စွဲပြောဆိုထားသည်။

Choi နှင့် Lotte အုပ်စု ဥက္ကဋ္ဌ Shin Dong-bin တို့သည်လည်း တရားရင်ဆိုင်ရန် ပက် နှင့် အတူတူ တရားရုံးသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အကယ်၍ အကျင့်ပျက်ခြစားမှု ကျူးလွန်ခဲ့ကြောင်း အပြစ်ထင်ရှားပါက ပက်အနေဖြင့် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။

Samsung အီလက်ထရောနစ်လုပ်ငန်းစု၏ ဒုတိယဥက္ကဋ္ဌ Lee Jae-yong သည်လည်း ဖေဖော်ဝါရီလတွင် စွဲချက်တင်ခံရပြီး တရားရင်ဆိုင်နေရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.