Asia
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဂုံးကျော်တံတား ပြိုကျမှုကြောင့် လူ ၁၀ ဦး သေဆုံး
နယူးဒေလီ၊ မတ် ၃၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားမြို့တွင် မတ်လ ၃၁ ရက်က ဆောက်လက်စ ဂုံးကျော် တံတားတစ်စင်း လူစည်ကားရာ နေရာပေါ်သို့ ပြိုကျမှုကြောင့် လူ ၁၀ ဦး ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။
၎င်းက ပြိုကျခဲ့သည့် ဂုံးကျော်တံတား အပျက်အစီးများ အောက်မှ ရုပ်အလောင်း ၁၀ လောင်းကို ဆွဲထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရှိသူ အများအပြားကို ကယ်ဆယ်ရေး ဝန်ထမ်းများက ကယ်ဆယ်ခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင် ထားကြောင်း၊ အဓိကအားဖြင့် အပျက်အစီးများ အောက်တွင် ပိမိနေသည့် ဆောက်လုပ်ရေး ဝန်ထမ်း များကို ကယ်ဆယ်ရန် ကြိုးပမ်း အားထုတ်နေကြောင်း ပြောကြားခဲ့သည်။
ပြည်တွင်း ရုပ်သံဌာန တစ်ခုက မျက်မြင် ကြုံတွေ့ခဲ့ရသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ကာလကတ္တားမြို့ အလယ်ပိုင်းရှိ ဂုံးကျော်တံတားထံမှ မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီး ကြားရပြီးနောက် တံတား ပြိုကျခဲ့ကာ မီးခိုးအများအပြား ကိုလည်း တွေ့မြင်ခဲ့ရကြောင်း ဖော်ပြခဲ့သည်။
တာဝန်ရှိသူမှ ဆက်၍ တံတား ပြိုကျခဲ့သည့် နေရာသို့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များစွာ ရောက်ရှိလာခဲ့ကြပြီး အပျက်အစီးများ အောက်တွင် ပိတ်မိ နေသည့် ဆောက်လုပ်ရေး ဝန်ထမ်းများအား ကယ်ဆယ်ရန် အတွက် ဒေသခံ ပြည်သူများ နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)