Connect with us

Asia

ကမ္ဘောဒီးယား လေဆိပ်တွင် ကိုကင်း ၂.၆ ကီလို ဂရမ်အား သကြားလုံးများ အတွင်း ထည့်သွင်း ယူဆောင် လာသည့် အမျိုးသမီး တစ်ဦးအား ဖမ်းမိ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ကိုကင်း၂.၆ ကီလိုဂရမ်အား ချောကလက်ဘူး အတွင်းရှိ သကြားလုံးများထဲ၌ ထည့်သွင်း ယူဆောင်လာသည့် ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦးအား ဖမ်းမိ ခဲ့ကြောင်း လေဆိပ် အကောက်ခွန်ဌာန က မီဒီယာသို့ မတ်လ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ယင်းအမျိုးသမီးသည် ဖနွမ်းပင်မြို့သို့ ကာတာနိုင်ငံ မြို့တော် ဒိုဟာမှ QR970 လေယာဉ်ဖြင့် မတ်လ ၃၀ ရက် နေ့လည်ပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်ပြီး ၎င်းအား တရားမဝင် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများနှင့် အတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာနသို့ လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် မူးယစ်ဆေးဝါး သယ်ဆောင်သူများ အတွက် သေဒဏ်ကျမှတ်သည့် ဥပဒေမရှိ သော်လည်း မူးယစ်ဆေးဝါး ၈၀ ဂရမ်အထက် သယ်ဆောင်သူများသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ် ခံရမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယား နိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုသည် အနည်းငယ် ပိုမို တိုးပွားလာပြီး အမျိုးသား မူးယစ်ဆေးဝါး တားဆီးရေး အာဏာပိုင် အဖွဲ့၏ ပြောကြားချက်အရ ၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါး အမှုနှင့် စပ်လျဉ်း၍ ဖမ်းဆီးရမိခဲ့သော သံသယရှိသူ ၇,၀၀၈ ဦး ရှိပြီး မူးယစ်ဆေးဝါးမျိုးစုံ ၁,၆၂၀ ကီလိုဂရမ်ခန့်လည်း သိမ်းဆည်းရမိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.