Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ဒေသဆိုင်ရာ Trinamool Congress ပါတီရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁ ဦးသေဆုံးခဲ့ပြီး အခြားသူ ၅ ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း ရဲတပ်ဖွဲ့က သြဂုတ်လ ၂၃ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် အနောက်ဘန်ဂေါပြည်နယ် West Midnapore ခရိုင် မတ်ရမ်ပူကျေးရွာရှိ အနိုင်ရပါတီရုံးခန်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကနဦး တွေ့ရှိချက်အရ ပါတီရုံးတွင် ပေါက်ကွဲခဲ့တာက လက်လုပ်ဗုံးတစ်လုံးဖြစ်ပါတယ်။ ပေါက်ကွဲမှုမှာ လူတစ်ယောက် ပွဲချင်းပြီးသေဆုံးသွားပြီး ဒဏ်ရာရသူတွေကို ဒေသတွင်း ဆေးရုံထံပို့ပေးခဲ့တယ်။ ဒဏ်ရာတွေက စိုးရိမ်ရပါတယ်” ဟု ရဲအရာရှိတစ်ယောက်က ပြောကြားခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Trinamool Congress ပါတီသည် ယင်းပြည်နယ်၏ ဝန်ကြီးချုပ် Mamata Banerjee ဦးဆောင်သော အနိုင်ရပါတီဖြစ်သည်။ သို့သော်လည်း ရုံးခန်းပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းအပေါ် ပါတီက တစ်စုံတစ်ရာမှတ်ချက်ပြုထားခြင်း မရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.