Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ မူးယစ်ဆေးဝါးကုန်ကူးသူ ၂ ဦးဖမ်းဆီးမိ

ဖမ်းဆီးမိထားသည့် မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဆွန်လ (Son La) ပြည်နယ်တွင် ဒေသခံ အမျိုးသား နှစ်ဦးကို ထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူ ၂ တုံး၊ ဓာတ်ခွဲခန်းတွင် ပြုလုပ်ထားသော မူးယစ်ဆေး ၅,၅၀၀ ပြားနှင့် သေနတ်တစ်လက်တို့အား နိုင်ငံပိုင်အဖြစ် သိမ်းယူခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့က သြဂုတ်လ ၂၂ ရက်က ပြောကြားလိုက်သည်။

အဆိုပါ ပြည်နယ်၏ Van Ho ခရိုင်မှ Trinh Minh Tuan အမည်ရှိသော အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးအား သြဂုတ်လ ၂၀ ရက်က ပစ္စည်းတင်ဆောင်သည့် လှည်းပေါ်၌ ဘိန်းဖြူ ၂ တုံး (၆၀၀ ဂရမ်ကျော်) နှင့် မူးယစ်ဆေးပြား၂၈၁ ပြားကို သယ်ဆောင်လာစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့တွင်ပင် Van Ho ခရိုင်မှ Trang A Cua အမည်ရှိသော အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး၏ နေအိမ်နှင့် ရုံးတွင် မူးယစ်ဆေးပြား ၅,၂၃၄ ပြား၊ ခြောက်လုံးပြူးသေနတ်နှင့် ကျည်ဆံခြောက်တောင့်အား ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်အတွင်း၌ပင် ဇွန်လကုန်ပိုင်းက လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံအတွင်းသို့ ဘိန်းဖြူ အမြောက်အမြား မှောင်ခိုတင်သွင်းမှုအား ရဲအင်အား ၃၀၀ ခန့်ဖြင့်အပြင်းအထန် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ Nguyen Thanh Tuan နှင့် Nguyen Van Thuan အမည်ရှိသော အဓိကပုဂ္ဂိုလ်နှစ်ဦးကို သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ဗီယက်နမ်နိုင်ငံ ဥပဒေအရ ဘိန်းဖြူ ၆၀၀ ဂရမ် သို့မဟုတ် မက်သာဖက်သမင်း ၂.၅ ကီလိုအား မှောင်ခိုတင်သွင်းသူအား သေဒဏ် ပြစ်ဒဏ်ကျခံရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ ဘိန်းဖြူ ၁၀၀ ဂရမ် အခြားတရားမဝင်မူးယစ်ဆေး ၃၀၀ ဂရမ် ပြုလုပ်ခြင်း သို့မဟုတ် ကုန်သွယ်ခြင်းများ ပြုလုပ်ပါကလည်း သေဒဏ်ကျခံရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.