Connect with us

Asia

တောင်ကိုရီးယား တရားရုံး က သမ္မတဟောင်း ပက်ဂွမ်ဟေးအား ထောင်ဒဏ် ၂၅နှစ်ချမှတ်

တရားရုံးသို့ ခေါ်ဆောင်လာသည့် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အယူခံတရားရုံးတစ်ခု က သြဂုတ် ၂၄ ရက်တွင် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးအား လာဘ်ပေးလာဘ်ယူမှုများ အပါအဝင် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထောင်ဒဏ် ၂၅နှစ်အထိ တိုးမြှင့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဆိုးလ်မြို့ အထက်တရားရုံး သည် အောက်တရားရုံးက ချမှတ်ထားသော ပက်ဂွမ်ဟေး၏ ထောင်ဒဏ် ၂၄နှစ် ကို တစ်နှစ်တိုး၍ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အောက်တရားရုံးက ပက်အပေါ် ချမှတ်လိုက်သည့် ဒဏ်ကြေး ကိုရီးယားဝမ် ၁၈ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆သန်း) ထက်များပြားသော ပမာဏဖြစ်သည့် ကိုရီးယားဝမ် ၂၀ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈သန်း) အား ဒဏ်ကြေးအဖြစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဆမ်ဆောင်းအီလက်ထရောနစ် ဒုတိယ ဥက္ကဋ္ဌ Lee Jae-yong အား ၎င်း၏ ကျန်းမာရေးမကောင်းသော ဖခင်ဖြစ်သူ Lee Kun-hee ထံမှ စီမံခန့်ခွဲမှုအာဏာလွှဲပြောင်းယူနိုင်ရန် အထောက်အပံ့ပေးမှုအတွက် အပြန်အလှန်အဖြစ် ပက်ဂွမ်ဟေးထံ ဆမ်ဆောင်းအုပ်စုမှ ပေးအပ်ခဲ့သော ငွေကြေးပမာဏကို အထက်တရားရုံးက တိုးမြှင့်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.