Connect with us

Asia

အိန္ဒိယမြောက်ပိုင်းတွင် ဘတ်စ်ကား တောင်ကြားထဲထိုးချမှုကြောင့် ၁၆ဦးသေ၊ ၂၈ဦး ဒဏ်ရာရရှိ

ဘတ်စ်ကားမတော်တဆမှုကြောင့် ဒဏ်ရာရရှိသူများအား သယ်ဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း Himachal Pradesh ပြည်နယ်တွင် နိုဝင်ဘာ ၅ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး တောင်ကြားထဲ ထိုးကျခဲ့၍ လူ၁၆ဦး ထက်မနည်းသေဆုံးကာ ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။

အမည်အဖော်လိုသူ ရဲအရာရှိက “ယာဉ်မတော်တဆမှုဟာ Himachal Pradesh ပြည်နယ်မြို့တော် Shimlaမြို့ ကနေ ၂၀၀ကီလိုမီတာ အကွာမှာရှိတဲ့ Mandi မြို့အနီးမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ သတ်မှတ်လူဦးရေထက် ပိုမိုသယ်ဆောင်လာပြီး အရှိန်နဲ့မောင်းလာတဲ့ ယင်း ဘတ်စ်ကားဟာ ကားမောင်းသမား အရှိန်မထိန်းနိုင်တော့တဲ့အခါ တောင်ကြားထဲကို လိမ့်ပြီး ထိုးကျသွားတာပါ” ဟု ပြောကြားခဲ့သည်။

ယင်းမတော်တဆမှုကြောင့် အခင်းဖြစ်ပွားရာ၌ပင် ၁၆ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများကိုလည်း နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးထားပြီး အချို့မှာ အခြေအနေစိုးရိမ်ရကြောင်း ၎င်းကပြောကြားခဲ့သည်။

၎င်းက ညပိုင်းတွင် သေဆုံးသူဦးရေထပ်မံတိုးလာနိုင်ကြောင့် ဖြည့်စွတ်ပြောကြားခဲ့သည်။

ပြည်တွင်းရုပ်သံ မီဒီယာများ၏ ထုတ်လွှင့်အရ ကယ်ဆယ်ရေးဝန်ထမ်းများသည် အခင်းဖြစ်ပွားရာသို့ အရင်ဆုံးရောက်ရှိလာသည့် ဒေသခံများ၏ အကူအညီဖြင့် သေဆုံးသူများအား ဘတ်စ်ကားအတွင်းမှ ထုတ်ယူနေကြကြောင်းတွေ့ရှိရသည်။

ပြည်နယ်အစိုးရက သေဆုံးသူများ၏ မိသားစုဝင်များအတွက် နစ်နာကြေးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဒဏ်ရာရရှိသူ ၂၈ဦးအတွက် ဆေးကုသစရိတ် အခမဲ့နှင့် သေဆုံးသူများ၏ မိသားစုဝင်များအား အိန္ဒိယ ရူပီး ၅သိန်း (အမေရိကန်ဒေါ်လာ ၁၀,၀၀၀) နစ်နာကြေးပေးအပ်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး GS Bali ကပြောကြားခဲ့သည်။

ရဲအရာရှိက အဆိုပါဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားပြီး ယာဉ်မတော်တဆမှု၏ သိသာထင်ရှားသည့် အထောက်အထားမှာ သတ်မှတ် လူဦးရေထက်ပိုမိုသယ်ဆောင်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှုအများဆုံးနိုင်ငံများ အနက် တစ်ခု အဖြစ် သတ်မှတ်ခြင်းခံရပြီး ယာဉ်မတော်တဆဖြစ်မှုကြောင့် နှစ်စဉ် လူ ၁၃၀,၀၀၀ ကျော်အသက်ဆုံးရှုံးနေရကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.