Connect with us

Asia

ဘင်္ဂလားဒေ့ရှ်လေဆိပ်တွင် ဓါးဖြင့်တိုက်ခိုက်မှုဖြစ်ပွားရာ လူတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရရှိ

ဒါကာမြို့ရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာ လေဆိပ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒါကာ၊ နိုဝင်ဘာ ၇ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့ရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် နိုဝင်ဘာ ၆ရက် က ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေး ဝန်ထမ်းတစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ သည် အသက် ၂၈နှစ်အရွယ် Md Sohagh Ali ဆိုသူဖြစ်ပြီး ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှု ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ အရံလက်နက်ကိုင် တပ်ဖွဲ့ Ansar အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။

အမည်မဖော်လိုသူ ဒါကာမြို့တော်ရဲတပ်ဖွဲ့ (DMP) အရာရှိ က ဓားကိုင်ထားသူ သည် လေဆိပ် ထွက်ခွာခန်းမဆောင် အဝင်ပေါက်တွင် တာဝန်ကျနေသည့် လုံခြုံရေး ဝန်ထမ်းအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ali သည် ဓားဖြင့်တိုက်ခိုက်ခံရ၍ ၎င်း၏ ရင်ဘတ်တွင် ဓားဒဏ်ရာ နက်ရှိုင်းစွာ ရရှိခဲ့ပြီး ဆေးရုံသို့ ရောက်ရှိပြီးနောက် ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

တိုက်ခိုက်မှုကြောင့် အခြား လုံခြုံရေး ဝန်ထမ်း သုံးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

ဒါကာမြို့တော်ရဲတပ်ဖွဲ့ (DMP) အရာရှိက ဓားကိုင်တိုက်ခိုက်သူအား လုံခြုံရေးဝန်ထမ်းများက သေနတ်ဖြင့် ပစ်ခတ်ကာ အရှင်ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက တိုက်ခိုက်သူ၏ နောက်ကွယ်မှ ကြိုးကိုင်သူအား မသိရှိရသေးကြောင်း ပြောကြားခဲ့သည်။

အရာရှိက Ali နှင့် အခြား လုံခြုံရေးဝန်ထမ်းများက ဓားဖြင့်တိုက်ခိုက်မည့်သူ အား သတ်မှတ်စာရွက်စာတမ်းများ မပြသနိုင်၍ လေဆိပ်ထဲ မဝင်ရန် တားဆီးရာမှ အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.