Asia
အိန္ဒိယ ထိန်းချုပ်နယ်မြေ ကက်ရှ်မီးယားဒေသတွင် ဘတ်စ်ကားမှောက်မှုကြောင့် လူ ၂၀ ဦး ဒဏ်ရာရ
နယူးဒေလီ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ထိန်းချုပ်နယ်မြေဖြစ်သော ကက်ရှ်မီးယားဒေသတွင် ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
“နိုဝင်ဘာလ ၂၆ ရက်ညပိုင်းက ခရီးသည် အလွန်အကျွံတင်ဆောင်လာတဲ့ ဘတ်စ်ကား တစ်စီးဟာ ဂျမ်မူးဒေသ ဆမ်ဘာခရိုင်ထဲက အဝေးပြေးလမ်းပေါ်မှာ ဘီးချော်ပြီး တိမ်းမှောက်ခဲ့တာပါ” ဟု အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ဒဏ်ရာရသူများ၌ ခရီးသည်များ၊ ဘတ်စ်ကား ယာဉ်မောင်းနှင့် လက်မှတ်ရောင်းသူတို့လည်း ပါဝင်ကြောင်း၊ ၎င်းတို့အားလုံးကို ဒေသဆိုင်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာရသူများသည် အိမ်နီးချင် ပန်ဂျပ်ပြည်နယ်မှ ဘုရားဖူးပြန်လာသူများ ဖြစ်ကြောင်း သိရသည်။
ဘတ်စ်ကားမောင်းသူသည် မျက်နှာချင်းဆိုင် လမ်းကြောမှ အရှိန်မြှင့် မောင်းနှင်လာသော ကား တစ်စီးနှင့် ခေါင်းချင်းဆိုင် တိုက်မိနိုင်သည့် အခြေအနေမှ ရှောင်လွှဲနိုင်ရန် ကြိုးစားစဉ် ယာဉ်ကို ထိန်းချုပ်နိုင်စွမ်းမဲ့သွားခြင်းကြောင့် ယခုလို ကားမှောက်ရခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများက ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။
“ကားမှောက်ရတဲ့ အကြောင်းရင်းကို စုံစမ်းသွားမှာပါ” ဟု အဆိုပါ အရာရှိက ပြောခဲ့သည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လမ်း အန္တရာယ်ဖြစ်ပွားမှု အမြင့်ဆုံး ဖြစ်သည်။ လမ်းများနှင့် မော်တော်ယာဉ်များ ထိန်းသိမ်းမှု ညံ့ဖျင်းခြင်းနှင့် မဆင်မခြင် မောင်းနှင်မှုများကြောင့် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားရခြင်း ဖြစ်သည်။ (Xinhua)