Connect with us

Asia

အိန္ဒိယနိုင်ငံအလယ်ပိုင်း၌ သက်ငယ်မုဒိန်းမှုကို သေဒဏ်ပေးရန် အတည်ပြု

အိန္ဒိယနိုင်ငံ၌ ကလေးမုဒိန်းမှုကို ဆန့် ကျင်ဆန္ဒပြနေစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ် ဒေသဆိုင်ရာအစိုးရက သက်ငယ်မုဒိန်းမှုကို သေဒဏ်အပြစ်ပေးရန် နိုဝင်ဘာလ ၂၆ ရက်က အတည်ပြုလိုက်ကြောင်း သိရသည်။

“ Madhya Pradesh အစိုးရအဖွဲ့ဟာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေအပေါ် မုဒိန်းမှုကျူးလွန်သူတွေကို သေဒဏ်ပြစ်ဒဏ် ချမှတ်ဖို့ယနေ့( နိုဝင်ဘာ ၂၆ ရက်) မှာ အတည်ပြုခဲ့ကြပါတယ်” ဟု ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင် အရာရှိတစ်ဦးက ဆိုသည်။

“ အစိုးရအဖွဲ့အစည်းအဝေးကို ပြည်နယ်ဝန်ကြီးချုပ် Shivraj Singh Chouhan က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုသို့ပြစ်ဒဏ်သတ်မှတ်လိုက်ခြင်းဖြစ် ပြည်နယ်အတွင်း အမျိုးသမီးများ နှင့် ကလေးငယ်များအပေါ် အဓမ္မကျူးလွန်မှုများ လျော့နည်းသွားမည်ဟု ပြည်နယ်အစိုးရ ယုံကြည်ထားသည်။

ထို့ပြင် ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Jayant Maliya က ၎င်းဥပဒေပြဌာန်းချက်တွင် လူငယ်များ အုပ်စုဖွဲ့အဓမ္မကျူးလွန်မှုများလည်း သေဒဏ်ပြစ်ဒဏ်ချမှတ်ရန် အကျုံးဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၌ အမျိုးသမီးများ နှင့် ကလေးငယ်များမှာ အဓမ္မကျူးလွန်ခံနေရခြင်းကြောင့် ၎င်းတို့၏ လုံခြုံရေး အတွက် နိုင်ငံအတွင်းရှိ ရဲတပ်ဖွဲ့၏ ပြုမူဆောင်ရွက်ချက်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် နယူးဒေလီမြို့ရှိ ဆေးတက္ကသိုလ်ကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့မုဒိန်းကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ယင်းမှာ အိန္ဒိယနိုင်ငံ၌ အမျိုးသမီးများပေါ် ရာဇဝတ်မှုကျူးလွန်နေကြောင်း မီးမောင်းထိုးပြစရာ တစ်ခုဖြစ်ခဲ့သည်။

၎င်းဖြစ်စဉ်ကြောင့် နိုင်ငံအတွင်း ဆန္ဒပြပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ရလဒ်အနေဖြင့် နိုင်ငံအတွင်း မုဒိန်းမှုဆန့်ကျင်ရေး ဥပဒေများ ပေါ်ထွက်ခဲ့သည်။သို့သော်လည်း အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများအပေါ် လူမဆန့်သည့် အဓမ္မကျူးလွန်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.