Connect with us

Asia

အိန္ဒိယတွင် ဘတ်စ်ကားတိုက်မှုကြောင့် လူ ၇ဦးသေ၊ ၁၃ဦး ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ်တွင် နိုဝင်ဘာ ၂၈ ရက်က ဘတ်စ်ကားတစ်စီးတိုက်မိမှုကြောင့် အနည်းဆုံး လူ၇ဦးသေဆုံးပြီး အခြားလူ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Maharashtra ပြည်နယ် မြို့တော် မွမ်ဘိုင်းမြို့ အရှေ့ဘက် ၅၂၅ကီလိုမီတာအကွာခန့် Latur ခရိုင် ရှိ Kolpa ဧရိယာတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲအရာရှိတစ်ဦးက Latur-Nanded အဝေးပြေးလမ်းမတွင် နိုဝင်ဘာ ၂၈ ရက်က ယာဉ်မတော်တဆမှုတစ်ခုကြောင့် လူ ၇ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် လမ်းမကြီးပေါ်တွင် ယာဉ်နှစ်စီး ခေါင်းချင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ယာဉ်တိုက်မှုအား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ဝန်ပိုတင်ဆောင်ခြင်း၊ ကားလမ်းများပျက်စီးယိုယွင်းနေခြင်း နှင့် စည်းကမ်းမဲ့မောင်းနှင်ခြင်း တို့ကြောင့် လူသေဆုံးစေသည့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ၂၀၁၆ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများကြောင့် ပျမ်းမျှအားဖြင့် နေ့စဉ် လူ ၄၀၀ကျော်သေဆုံးခဲ့ရကြောင်း တရားဝင်ထုတ်ပြန်ချက်များအရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.