Connect with us

Asia

အိန္ဒိယ နှင့် ဂျပန် နှစ်နိုင်ငံ အတွင်းရေးမှူး အဆင့် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ခြင်း အစည်းအဝေး ကျင်းပ

ဂျပန် ဝန်ကြီးချုပ် Shinzo Abe နှင့် အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi တို့ ဂျပန်နိုင်ငံ တိုကျို မြို့တွင် တွေဆုံစဉ် (ဆင်ဟွာ)

နယူးဒေလီ ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနှင့် ဂျပန် နိုင်ငံခြားရေး နှင့် ကာကွယ်ရေး အရာရှိများပါဝင်သော အတွင်းရေးမှူး အဆင့် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ခြင်း အစည်းအဝေးကို အိန္ဒိယ၌ ကျင်းပနေကြောင်း အိန္ဒိယ မီဒီယာများတွင် ဧပြီလ (၇) ရက်၌် ဖော်ပြထားသည်။

ယခု အစည်းအဝေးကို ဧပြီလ (၆) ရက်တွင် ကျင်းပခဲ့ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုခဲ့ကြောင်း The Asian Age daily တွင် ဖော်ပြထားသည်။

အမေရိကန်နှင့် အိန္ဒိယတို့၏ “ Malabar ” ရေတပ် ဆိုင်ရာ လေ့ကျင့်ရေးတွင် ဂျပန်နိုင်ငံကိုလည်း အမြဲတမ်း အဖွဲ့ဝင် အဖြစ် ပါဝင်နိုင်ရန် အမေရိကန်က တိုက်တွန်းသောကြောင့် ယခုအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း ၎င်းသတင်းစာတွင် ဖော်ပြထားသည်။

အိန္ဒိယနှင့် ဂျပန်သည် နှစ်နိုင်ငံ ဖက်စပ် ထုတ်လုပ်မည့် ကုန်း ၊ ရေ နှစ်သွယ် သွားလာနိုင်သည့် လေယာဉ် US-2 နှင့် ရေကြောင်းဆိုင်ရာ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ခြင်း အပါအဝင် မဟာ ဗျူဟာကျသည့် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေး နေကြောင်းသိရသည်။

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး Manohar Parrikar သည် ဂျပန် နိုင်ငံကို ပြီးခဲ့သည့် သီတင်းပတ်က အလည် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ခြင်း တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.