Connect with us

Asia

အာရှ-အာဖရိက ညီလာခံတွင် ပြည်ပမှ ခေါင်းဆောင် ၃၀ ကျော် တက်ရောက်မည်

အာရှ-အာဖရိက ထိပ်သီး ညီလာခံ ကျင်းပရန် ပြင်ဆင်နေသောမြင်ကွင်း (ဆင်ဟွာ)

ဂျာကာတာ ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားတွင် ဧပြီလ (၁၉) ရက်ကနေ (၂၂) ရက်နေ့အထိ ကျင်းပမည့် အာရှ-အာဖရိက ထိပ်သီးညီလာခံ၏ နှစ် (၆၀) မြောက် အထိမ်းအမှတ် ပွဲကြီးကို နိုင်ငံပေါင်း ၃၀ ကျော်မှ ခေါင်းဆောင်များ၊ ဒုတိယ သမ္မတများနှင့် ဒုတိယဝန်ကြီးချုပ်များ တက်ရောက် ကြမည်ကို ဧပြီလ (၆) ရက်တွင် အတည်ပြု ပြောကြားသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က အခမ်းအနားသို့ တက်ရောက်သူ ၂၀ ကျော်သည် နိုင်ငံ့ ခေါင်းဆောင်များ ဖြစ်သည်ဟု ပြောသည်။ ၎င်းက “ တက်ရောက်မယ့် လူဦးရေ စာရင်းက တိုးနေတုန်းပါပဲ” ဟု ဆက်လက် ပြောကြားသည်။

ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက် ငွေကြေး အကူအညီ များရရှိရန် အင်ဒိုနီးရှား အနေဖြင့် ယခု အထိမ်းအမှတ် အစည်းအဝေးကြီးကို ကျင်းပခြင်း ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

ဂျာဗား အနောက် Bandung မြို့တွင် ကျင်းပမည့် ထိုအခမ်းအနားတွင် လုံခြုံရေး အတွက် စစ်သား နှင့် ရဲ ၇,၀၀၀ ခန့်သည် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း မြို့တော်ဝန် Ridwan Kamil က ပြောသည်။

အထိမ်းအမှတ်ပွဲသို့ နိုင်ငံပေါင်း ၁၀၉ နိုင်ငံမှ ကိုယ်စားလှယ်များ စေလွှတ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ခေါင်းဆောင်များကို ရှေးဟောင်း အင်ဒိုနီးရှား၏ သမိုင်းဝင် နေရာများ လိုက်ပို့ရန်လည်း ပြင်ဆင်နေကြောင်း သိရသည်။ (Xinhua)