Connect with us

Asia

အမေရိကန် ကာကွယ်ရေးဝန်ကြီး တောင်ကိုရီးယား(ROK) သို့ အလည်အပတ် ရောက်ရှိ

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ashton Carter အား တောင်ကိုရီးယား ပြည်သူအချို့ ဆန္ဒပြ နေစဉ် (ဆင်ဟွာ)

ဆိုးလ် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

အမေရိကန် ကာကွယ်ရေးဝန်ကြီး Ashton Carter သည် ၎င်း၏ ပထမဆုံး အာရှခရီးစဉ်တွင် ဒုတိယ နိုင်ငံဖြစ်သော တောင်ကိုရီးယားသို့ ရောက်ရှိနေကြောင်း တောင်ကိုရီးယား (ROK) ကာကွယ်ရေး ဝန်ကြီးဌာန က ဧပြီလ (၉) ရက်တွင် ပြောကြားသည်။

Carter သည် ၎င်း၏ ဂျပန်နိုင်ငံ ခရီးစဉ်အပြီး ဧပြီလ (၉) ရက် နေ့လည်တွင် ဆိုးလ်မြို့အနီးရှိ Osan လေတပ်စခန်းသို့ ရောက်ရှိလာခဲ့ကြောင်း ဆိုသည်။

၎င်း၏ ၃ ရက်တာ ခရီးစဉ်အတွင်း Carter သည် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Han Min-koo နှင့် ဧပြီလ (၁၀) ရက်တွင် တွေ့ဆုံမည် ဖြစ်ပြီး အခြား အစိုးရ အရာရှိများနှင့်လည်း တွေ့ဆုံ သွားမည် ဖြစ်သည်။ ၎င်းသည် တောင်ကိုရီးယားတွင် တာဝန်ကျနေသည့် အမေရိကန် တပ်သား ၂၈,၅၀၀ နှင့်လည်း အားပေး တွေ့ဆုံမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံ ချိန်တွင် မြောက်ကိုရီးယား (DPRK)၏ နျူကလီးယား နှင့် ဒုံးကျဉ်များ ခြိမ်းခြောက်မှု အန္တရယ်နှင့် စစ်ကာလ တောင်ကိုရီးယား စစ်သား ကွပ်ကဲမှု အာဏာကို ဝါရှင်တန်မှ ဆိုးလ်သို့ လွှဲပြောင်းပေးရန် တို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယား ကျွန်ဆွယ်တွင် အမေရိကန် အဆင့်မြင့် ဒုံးကျည် ကာကွယ်ရေး စနစ်ကို တပ်ဆင်ခြင်း ဆိုင်ရာ ကိစ္စရပ်များ (Terminal High Altitude Area Defense) သည် နှစ်နိုင်ငံ ဝန်ကြီးများ အစည်း အဝေးတွင် ပါဝင်မည်မဟုတ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။

Carter သည် Han နှင့် တွေ့ဆုံပြီး နောက် ဧပြီလ (၁၀) ရက်နေ့တွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု သိရသည်။ (Xinhua)