Connect with us

Asia

၂၀၁၆ ခုနှစ် သမ္မတလောင်း ယှဉ်ပြိုင်မှုတွင် ဟီလာရီ ကလင်တန် အရွေးခံမည်

အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton သတင်းစာ ရှင်းလင်းပွဲ တက်ရောက်နေစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်သည် သမ္မတ နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဧပြီလ (၁၂) ရက်တွင် ထုတ်ပြန် ကြေငြာခဲ့သည်။

“ သမ္မတနေရာ အတွက် ကျွန်မစပြီး လုပ်ဆောင်နေပါပြီ” ဟု ကလင်တန်က ၎င်း၏ တရားဝင် မဲဆွယ်သည့် ဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။

“အမေရိကန်တွေက နေ့စဉ်၊ နေ့တိုင်းပဲ ရပ်တည် ကာကွယ်ပေးသူ လိုအပ်နေပါတယ်။ ကျွန်မကလည်း အဲ့ဒီ ရပ်တည် ကာကွယ်ပေးသူ ဖြစ်ချင်ပါတယ်” ဆိုသည်။

၂၀၀၈ ခုနှစ်တွင် ကလင်တန်သည် သမ္မတနေရာ ဝင်ရောက် ယှဉ်ပြိုင်ရာ၌ ဘားရက် အိုဘားမားကို ရှုံးနိမ့် ခဲ့သည်။ ကလင်တန်သည် ၎င်း မဲဆွယ် စည်းရုံးရန် ဌာနချုပ် အဖြစ် နယူးယောက်တွင် နေရာ ငှားရမ်းပြီး ဖြစ်ကြောင်း သိရသည်။

ကလင်တန်သည် မဲဆန္ဒရှင်များနှင့် တွေ့ဆုံ သွားမည် ဖြစ်ပြီး လာမည့် လတွင် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကလင်တန်၏ မဲဆွယ် စည်းရုံးရေး မန်နေဂျာ Podesta က ပြောကြားသည်။

ဧပြီလ (၁၁) ရက်တွင် ကျင်းပသည့် ကလင်တန် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေး ကြေငြာသည့် ပွဲတွင် အားပေး ထောက်ခံသူများသည် ရွေးကောက်ခံ အရာရှိများ၊ ပါတီ ခေါင်းဆောင်များနှင့်အတူ တက်ရောက် ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ အတွက် ကလင်တန်သည် ဒီမိုကရက်တစ် ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံမည် ဖြစ်သည်။ ၎င်းပါတီ၏ အဆိုပြု ထောက်ခံခြင်းကို အခက်အခဲမရှိ ရရှိလိမ့်မည်ဟု ခန့်မှန်းရသည်။ အလားအလာ ရှိသည့် ကိုယ်စားလှယ်လောင်းများကို ပါတီ အနေဖြင့် အားပေး ထောက်ပံ့ပေးပြီး ကလင်တန်သည် ပါတီတွင်း ယှဉ်ပြိုင်မှုတွင် ထောက်ခံမှု ၆၂ ရာခိုင်နှုန်း ရရှိထားပြီး ၎င်း၏ ယှဉ်ပြိုင်ဘက် ဒုတိယ သမ္မတ Joe Biden သည် ၁၅ ရာခိုင်နှုန်း ဖြင့်ဒုတိယနေရာ ရရှိထားသည်။ (Xinhua)