Connect with us

Asia

လစ်ဗျား နိုင်ငံရှိ တောင်ကိုးရီးယား သံရုံး (ROK) တိုက်ခိုက်မှု ဖြစ်ပွား နှစ်ဦး သေဆုံး

လစ်ဗျား နိုင်ငံရှိ တောင်ကိုရီးယား သံရုံးအား မြင်တွေ့ရစဉ် (Xinhua)

တူနီးရှား၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

လစ်ဗျား လုံခြုံရေး ဌာန သတင်းအရ ပြောကြားချက် အရ ဧပြီလ (၁၂) ရက်နေ့တွင် လစ်ဗျား နိုင်ငံရှိ တောင်ကိုးရီးယား (ROK) သံရုံးကို လက်နက်ကိုင်များ လာရောက် တိုက်ခိုက် ခဲ့ကြကြောင်း ၊ လုံခြုံရေး ဝန်ထမ်း နှစ်ဦးမှာ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

လစ်ဗျား နိုင်ငံခြားရေးမှ တာဝန်ရှိသူက ဆင်ဟွာ သတင်းထောက် ကိုပြောကြား ခဲ့ရာတွင် လက်နက်ကိုင် အဖွဲ့ တစ်စုသည် ကားဖြင့် တောင်ကိုးရီးယား သံရုံးရှေ့သို့ ရောက်ရှိလာပြီး သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ် ခဲ့ကြောင်း၊ သံရုံးရှိ လုံခြုံရေး ဝန်ထမ်း နှစ်ဦး ပစ်ခတ် ခံရသဖြင့် သေဆုံးခဲ့ရကြောင်း ၊ ထို့ပြင် လုံခြုံရေး ဝန်ထမ်း တစ်ဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တာဝန်ရှိသူမှ လက်တလော ရရှိသော သတင်း အချက်အလတ်များအရ ယခု တိုက်ခိုက်မှု သည် IS အဖွဲ့၏ လုပ်ဆောင်မှု ဖြစ်နိုင်ကြောင်းပြော ကြားခဲ့သည်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လစ်ဗျားရှိ တောင်ကိုရီးယားသံရုံး တိုက်ခိုက် ခံရကြောင်း အတည်ပြုခဲ့သည်။ ဒဏ်ရာရ စာရင်း ဖော်ပြရာတွင် တောင်ကိုးရီးယား နိုင်ငံသားများ ထိခိုက် သေဆုံးမှု မရှိကြောင်း၊ လစ်ဗျားနိုင်ငံ သံရုံးရှိ သံတမန်ရေးရာ ဝန်ထမ်း အားလုံးကို ပြန်လည် ခေါ်ယူရန် ဆွေးနွေး နေကြောင်း ပြောကြားခဲ့သည်။

လစ်ဗျားရှိ တောင်ကိုးရီးယား သံရုံး တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအင်အား တိုးမြှင့် ပေးရန် ချက်ချင်း တောင်းဆိုခဲ့ပြီး၊ လစ်ဗျား ဘက်မှလည်း အထူး ရဲတပ်ဖွဲ့များဖြင့် သံရုံး ပတ်ဝန်းကျင်တွင် ကင်းလှည့် စေခဲ့သည်။

၂၀၁၁ ခုနှစ် လစ်ဗျား စစ်ပွဲ ပြီးဆုံးချိန်မှ စတင်၍ လစ်ဗျား နိုင်ငံရေးမှာ တည်ငြိမ်မှု မရှိခဲ့ဘဲ၊ IS စသည့် အစွန်းရောက် အဖွဲ့အစည်းများသည် နိုင်ငံရေး မတည်ငြိမ်ချိန်တွင် အင်းအား တိုးချဲ့ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ယခုနှစ် ဖေဖော်ဝါရီ (၂၂) ရက်တွင် လစ်ဗျားရှိ အီရန် သံရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရ ပြီးနောက်တွင် လစ်ဗျားရှိ IS အဖွဲ့ခွဲမှ ထိုတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန် ကြေငြာခဲ့သည်။ (Xinhua)