Connect with us

North America

ဟီလာရီကလင်တန် နှင့်အတူယှဉ်ပြိုင်မည့် ဒုတိယ သမ္မတလောင်း အဖြစ် စပိန်စကားပြော အထက်လွှတ်တော်အမတ် Tim Kaine အား ရွေးချယ်

ဒီမိုက်ရက်တစ်ပါတီမှ ဟီလာရီ ကလင်န်နှင့် အထက်လွှတ်တော်အမတ် Tim Kaine တို့အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ဒီမိုကရက်တစ်ပါတီမှ အမေရိကန် သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းရန် သေချာနေသူ ဟီလာရီ ကလင်တန်သည် ဗားဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် စပိန်စကားပြော Tim Kaine အား ၎င်းနှင့် အတူယှဉ်ပြိုင်မည့် ဒုတိယ သမ္မတလောင်းအဖြစ် ရွေးချယ်ထားကြောင်း တွစ်တာနှင့် ဖုန်းမက်ဆေ့ချ် မှတဆင့် ၎င်းအား ထောက်ခံသူများထံသို့ ဇူလိုင်လ ၂၂ ရက် ညနေပိုင်းက ကြေညာလိုက်ကြောင်း သိရသည်။

“အများအတွက် တိုက်ပွဲဝင်ဖို့ ဘဝကို မြှုပ်နှံထားတဲ့ Tim Kaine ကို ကျွန်မနှင့် အတူယှဉ်ပြိုင်မည့်သူအဖြစ် ကြေ ညာခွင့်ရတဲ့အတွက် ပီတိဖြစ်ရပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်က ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။

Kaine သည် စပိန်စကားပြော လက်တင်အမေရိကန်နိုင်ငံသား မဲဆန္ဒရှင်များအကြား ကလင်တန်၏ ဦးဆောင်မှု ခိုင်မာစေရန်၊ ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်ရာတွင် ကလင်တန်အနိုင်ရရန်အတွက် နိုင်ငံရေးဆိုင်ရာ ကူညီအားပေး နိုင်ရန်၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရန်တို့ကို ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကြသည်။

ကလင်တန်နှင့် ၎င်း၏ ထိပ်ပိုင်း အကြံပေးများ၏ ရက်သတ္တပတ်များအကြာ စိစစ်မှုများပြီးနောက် ယခုလို ကြေညာချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

Kaine သည် ဇူလိုင်လ ၂၃ ရက် နေ့လည်ပိုင်းတွင် စပိန်စကားပြော လက်တင်အမေရိကန်နိုင်ငံသား ထက်ဝက် ကျော် ပညာသင်ကြားလျက်ရှိသည့် Florida International University လူထုစည်းဝေးပွဲ၌ ကလင်တန်နှင့်အတူ ပါဝင် မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)