Connect with us

Asia

ကယ်ဆယ်ရေးသင်္ဘောများက အင်ဒိုနီးရှားနိုင်ငံ၏ ပျောက်ဆုံးသွားသော ရေငုပ်သင်္ဘောမှ ပိုမိုတိကျခိုင်မာသည့် အပျက်အစီးပိုင်းများကို ရှာဖွေတွေ့ရှိ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Ngurah Rai လေဆိပ်၌ ဧပြီ ၂၅ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရေအောက်အဝေးထိန်းစနစ်မောင်းနှင်ယာဉ်(ROV) မှ ရိုက်ကူးထားသော KRI Nanggala-402 ရေငုပ်သင်္ဘော အပိုင်းအစများကို ဗီဒီယိုရုပ်သံဖြင့် ရှင်းလင်းပြသနေစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၏ မြောက်ဘက်ကမ်းလွန်ရှိ ပင်လယ်ကြမ်းပြင်၌ နစ်မြုပ်ပျောက်ဆုံးသွားသော KRI Nanggala-402 ရေငုပ်သင်္ဘောမှ ပိုမိုတိကျခိုင်မာသည့် သက်သေခံ အပျက်အစီး အစိတ်အပိုင်းများ နှင့် ယင်း၏ တည်နေရာကို ကယ်ဆယ်ရေးသင်္ဘောများက ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှားစစ်တပ်(TNI) က ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

တီဗီရုပ်သံမှ တစ်ဆင့်ထုတ်လွှင့်သော သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားစစ်သင်္ဘောတစ်စင်းဖြစ်သည့် KRI Rigel သည် ယခင်နေ့ ညပိုင်းက ရေအောက်ပုံရိပ်ဖမ်းစနစ်ကို အသုံးပြု၍ သင်္ဘောနစ်မြုပ်သွားသော တည်နေရာအား ပိုမိုတိကျခိုင်မာစွာ ဖော်ထုတ်နိုင်ခဲ့ကြောင်း နှင့် ရေအောက်ပုံရိပ်များကို ပိုမိုအသေးစိတ်ကျစွာ ထုတ်ပြန်ပေးနိုင်ခဲ့ကြောင်း ၊ တစ်ချိန်တည်းမှာပင် စင်ကာပူကယ်ဆယ်ရေးသင်္ဘော MV ကလည်း remotely operated vehicle (ROV) ရေအောက်အဝေးထိန်းစနစ်မောင်းနှင်ယာဉ်ကို အနိုမ့်ပိုင်းထိ မောင်းနှင်စေခဲ့ပြီး ယင်း၏ ရေအောက်ကင်မရာကို အသုံးပြု၍ ပိုမိုကြည်လင်သော ပုံရိပ်များကို ဖမ်းယူရရှိခဲ့ကြောင်း TNI စစ်တပ်က ဆိုသည်။

 အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Ngurah Rai လေဆိပ်၌ ဧပြီ ၂၅ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရေအောက်အဝေးထိန်းစနစ်မောင်းနှင်ယာဉ်(ROV) မှ ရိုက်ကူးထားသော KRI Nanggala-402 ရေငုပ်သင်္ဘော အပိုင်းအစများကို ဗီဒီယိုရုပ်သံဖြင့် ရှင်းလင်းပြသနေစဉ်(ဆင်ဟွာ)

“ အမြီးပိုင်းဒလက် ၊ ကျောက်ဆူး ၊ ကိုယ်ထည်ပိုင်း ၊ရေယက် စတဲ့ KRI Nanggala-402 ရေငုပ်သင်္ဘောရဲ့အစိတ်အပိုင်းတွေနဲ့ သင်္ဘောသားအသက်ကယ်ဝတ်စုံ MK11 အပါအဝင်အခြားသင်္ဘောရဲ့ အစိတ်အပိုင်းတွေကို ဖမ်းယူရရှိထားတဲ့ ပုံရိပ်တွေကတစ်ဆင့် အတည်ပြုပေးနိုင်ခဲ့ပါတယ်”ဟု TNI အကြီးအကဲ Hadi Tjahjanto ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Ngurah Rai လေဆိပ်၌ ဧပြီ ၂၅ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် KRI Nanggala-402 ရေငုပ်သင်္ဘောမှ သင်္ဘောသားတစ်ဦး၏ အသက်ကယ်အင်္ကျီကို စစ်တပ်အရာရှိတစ်ဦးက ပြသနေစဉ်(ဆင်ဟွာ) 

ထို့ပြင် အင်ဒိုနီးရှားစစ်တပ်အကြီးအကဲက ယခုရရှိထားသော ခိုင်မာသည့် သက်သေခံပစ္စည်းများပေါ်အခြေခံ၍ KRI Nanggala-402 ရေငုပ်သင်္ဘောမှာ နစ်မြုပ်သွားကို အတည်ပြုနိုင်ခဲ့ကြောင်း နှင့် သင်္ဘောသားအားလုံး အသက်ဆုံးရှုံးသွားပြီဖြစ်ကြောင်း ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Banyuwangi မြို့ရှိ Tanjung Wangi ဆိပ်ကမ်း၌ KRI Nanggala-402 ရေငုပ်သင်္ဘောရှာဖွေးရေး လုပ်ဆောင်မည့် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့ဝင်များ  တင်ဆောင်လာသော သင်္ဘောတစ်စင်းကို ဧပြီ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

င်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Banyuwangi မြို့ရှိ Tanjung Wangi ဆိပ်ကမ်း၌ KRI Nanggala-402 ရေငုပ်သင်္ဘောရှာဖွေးရေး ဆောင်ရွက်မည့် ရေတပ်ရဲတပ်ဖွဲ့ဝင်များအား ဧပြီ ၂၅ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

“ TNI တပ်မှူးတစ်ယောက်ရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့အတူ KRI Nanggala-402 ရေငုပ်သင်္ဘောပေါ်မှာ လိုက်ပါသွားတဲ့ သင်္ဘောသား ၅၃ ဦးစလုံး သေဆုံးသွားပြီဆိုတဲ့အကြောင်း ကြေညာပါရစေ” ဟု Tjahjanto က ဆိုသည်။

ဂျာမနီနိုင်ငံထုတ် အဆိုပါ ရေငုပ်သင်္ဘောသည် ဧပြီ ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် ရေပေါ် နှင့် ရေအောက်ပစ်မှတ်ကို တော်ပီဒို ပစ်ခတ်မှုလေ့ကျင့်ခန်းများဆောင်ရွက်ရန် ရေငုပ်ခွင့် တောင်းခံခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် သင်္ဘောသား ၄၉ ဦး ၊ တပ်မှူးတစ်ဦး နှင့် အမြောက်တပ်သား ၃ ဦး အပါအဝင် စုစုပေါင်း လူ ၅၃ ဦးလိုက်ပါသွားကြောင်း သိရသည်။(Xinhua)

————————————————-
(English Version

Rescue ships find more authentic evidences of wreckage from Indonesia’s missing submarine

JAKARTA, April 26 (Xinhua) — The Indonesian Military (TNI) on Sunday afternoon said that rescue ships have found the location and more authentic evidence of wreckage of the missing submarine KRI Nanggala-402 in the ocean floor off Bali’s northern coast.
At a televised joint press conference, TNI said that one of its military ship KRI Rigel last night performed a more accurate scan of the location using multibeam sonar and magnetometer and produced more detailed underwater imagery, while Singaporean ship MV Ship Rescue also lowered its remotely operated vehicle (ROV) to visually amplify underwater imagery using a camera.
“We have obtained images that have been confirmed as part of the KRI Nanggala-402 including the rear vertical rudder, anchor, outside parts of the pressure hull, the embossed diving rudder, other parts of the ship including the crew’s safety suit MK11,” TNI Chief Hadi Tjahjanto said.
The military chief said that based on this authentic evidence, the KRI Nanggala-402 can be confirmed that it has drowned and all of its crew have died.
“With deep sadness as the TNI Commander, I declare that 53 personnel who were on board the KRI Nanggala-402 have died,” Tjahjanto said.
The German-made-submarine lost contact after requesting diving permission to fire the Surface and Underwater Target (SUT) Torpedo at 3:00 a.m. local time on Wednesday.
The ship has 53 people aboard, namely 49 crew members, one commander, and three arsenal personnel.

(1,2,) A military officer shows a video of the sunk Indonesian Navy submarine KRI Nanggala-402 recorded by Remotely Operated Vehicle (ROV) during a press conference at Ngurah Rai Airport in Bali, Indonesia, April 25, 2021. (Photo by Bisinglasi/Xinhua)
(3)A military officer shows a life jacket believed to be from the sunk Indonesian Navy submarine KRI Nanggala-402 during a press conference at Ngurah Rai Airport in Bali, Indonesia, April 25, 2021. (Photo by Bisinglasi/Xinhua)
(4) An Indonesian Navy ship departs to carry out the search and rescue operation of submarine KRI Nanggala-402 at Tanjung Wangi Port in Banyuwangi, East Java, Indonesia, April 25, 2021. (Photo by Kurniawan/Xinhua)
(5) Indonesian water police officers prepare for the search and rescue operation of submarine KRI Nanggala-402 at Tanjung Wangi Port in Banyuwangi, East Java, Indonesia, April 25, 2021. (Photo by Kurniawan/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.