Connect with us

Asia

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ၏လော့ခ်ဒေါင်းကာလကို ရက်သတ္တတစ်ပတ်ထပ်တိုးမည်ဟု ဆို

ကိုဗစ်လူနာအား အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးနေ ဧပြီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နယူးဒေလီတွင် လက်ရှိ ကျင့်သုံးနေသည့် လော့ခ်ဒေါင်းအစီအမံများကို မေ ၃ ရက် နံနက် ၅ နာရီ အထိ နောက်ထပ် ရက်သတ္တတစ်ပတ်ကြာ ထပ်တိုးဆောင်ရွက်မည် ဖြစ်ကြောင်း နယူးဒေလီမြို့ ဝန်ကြီးချုပ် Arvind Kejriwalက ဧပြီ ၂၅ ရက်တွင် ကြေညာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်အခြေအနေက နယူးဒေလီတွင် မပြတ်ဆိုးဝါးလျက်ရှိသည့်အတွက် ကပ်ရောဂါကို ဆက်လက် တိုက်ဖျက်ရန် မဖြစ်မနေ လော့ခ်ဒေါင်းကာလကို ထပ်တိုးရခြင်းဖြစ်ကြောင်း Kejriwal ဗွီဒီယို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့်အပတ်က နယူးဒေလီတွင် ကိုဗစ်ဆေးစစ်သည့် positive တွေ့ရှိမှုနှုန်းက (၃၆)ရာခိုင်နှုန်းမှ (၃၇)ရာခိုင်နှုန်းအထိ ရှိသော်လည်း ဧပြီ ၂၅ ရက်တွင် (၂၉)ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ၎င်းက ဆိုသည်။

ဆေးကုသသုံး အောက်စီဂျင်လိုအပ်မှုက မြို့တော်ရှိ ဆေးရုံများ၏ အကျပ်အတည်းဖြစ်နေရာ အစိုးရအနေဖြင့် ကြိုးစားပြီး ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း Kejriwalက ဆိုသည်။ အောက်စီဂျင်ပံ့ပိုးမှုနှင့်လိုအပ်မှုအခြေအနေကို ပိုမို ကောင်းမွန်စွာ သုံးသပ်နိုင်ရန်အတွက် နယူးဒေလီမြို့အစိုးရက ထုတ်လုပ်ပံ့ပိုးပေးသူများ၊ ဆေးရုံများက အတူ မျှဝေနိုင်သည့် အွန်လိုင်းပလပ်ဖောင်းတစ်ခုကို ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကပ်ရောဂါအခြေအနေ အဆက်မပြတ် ဆိုးဝါးလာခြင်းကြောင့် အိန္ဒိယနိုင်ငံ နေရာအမြောက်အမြားတွင် ဆေးဘက်ဆိုင်ရာအရင်းအမြစ်များ အရေးတကြီးလိုအပ်နေပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို တင်းကြပ်ထားကြောင်း သိရသည်။

ထိုမတိုင်မီ နယူးဒေလီတစ်မြို့လုံးကို ဧပြီ ၁၉ ရက် ၂၂ နာရီမှစ၍ ၂၆ ရက် ၅ နာရီအထိ လော့ခ်ဒေါင်းအစီအမံများ ကျင့်သုံးသွားမည်ဖြစ်ကြောင်း Kejriwalက ကြေညာခဲ့သည်။

အိန္ဒိယ၏ နေ့စဉ် ထပ်တိုးအတည်ပြုလူနာဦးရေသည် ယခုကာလများတွင် ဆက်တိုက် စံချိန်တင်မြင့်တက်ခဲ့သည်။ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၅ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့တွင် အသစ်ထပ်တိုးသည် ကိုဗစ်အတည်ပြုလူနာ (၃၄၉,၆၉၁)ဦးရှိရာ (၄)ရက်ဆက်တိုက် နေ့စဉ်ထပ်တိုးလူနာ ဦးရေ (၃)သိန်းကျော် ရှိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ(၁၆,၉၆၀,၁၇၂)ဦး၊ ထပ်တိုး သေဆုံးသူ(၂,၇၆၇)ဦးဖြင့် စုစုပေါင်းသေဆုံးသူ (၁၉၂,၃၁၁)ဦး ရှိကြောင်း သိရသည်။ နယူးဒေလီသည် အိန္ဒိယတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး ဒေသ တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————————-
(Chinese Version

印度首都新德里宣布“封城”延长一周

新华社新德里4月25日电(记者胡晓明)印度首都新德里首席部长凯杰里瓦尔25日宣布,新德里目前正在实施的“封城”措施将延长一周,至5月3日凌晨5时。  
  凯杰里瓦尔在视频记者会上表示,新冠病毒在新德里持续肆虐,因此有必要延长封锁,继续与疫情做斗争。他说,过去一周,新德里的新冠病毒检测阳性率高达36%至37%,不过25日已下降至29%。
 凯杰里瓦尔说,医用氧气短缺仍然是困扰首都医院的一个问题,政府正在努力协调解决。他说,新德里市政府已经启动一个氧气制造商、供应商和医院都可共享的网络平台,以更好地评估氧气供需情况。
由于疫情不断恶化, 印度多地医疗资源告急,并收紧疫情防控措施。此前凯杰里瓦尔19日宣布,自当天22时起至26日5时新德里全城实施封锁,但居民基本生活服务不受影响。
 印度单日新增新冠确诊病例数近期连创新高。印度卫生部25日公布的数据显示,该国较前一日新增新冠确诊病例349691例,已连续4天单日新增病例超过30万例,累计确诊16960172例;新增死亡2767例,累计死亡192311例。新德里是印度疫情最严重的地区之一。

图为4月24日,人们将新冠患者送入印度新德里一家医院。(新华社发)