Connect with us

Asia

အိန္ဒိယနိုင်ငံမှ လေကြောင်းခရီးစဉ်များအား ဩစတြေးလျနိုင်ငံ ဆိုင်းငံ့

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဆစ်ဒနီလေဆိပ်တွင် ကာတာလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ပျံသန်းထွက်ခွာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံက အိန္ဒိယနိုင်ငံတွင် COVID-19 ဖြစ်ပွားနေမှုကို တုံ့ပြန်သည့်အနေဖြင့် ထိုနိုင်ငံမှ လေကြောင်းခရီးစဉ်များအား ဆိုင်းငံ့လိုက်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ ဩစတြေးလျနိုင်ငံသို့ လေကြောင်းခရီးစဉ်များအားလုံးကို အစောဆုံး မေ ၁၅ ရက် မတိုင်မီအထိ တားမြစ်ထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Scott Morrison က ဧပြီ ၂၇ ရက်တွင် ကြေညာခဲ့သည်။
အခြားသောနိုင်ငံများမှတစ်ဆင့် တစ်ဆင့်ခံလေကြောင်းလိုင်းများကို ၎င်းတို့၏ အစိုးရများက ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းနိုင်ငံ၌ သောင်တင်နေသော ဩစတြေးလျ ဒေသခံများနှင့် နိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် ရည်ရွယ်ထားသည့် ဩစတြေးလျ အစိုးရမှ ဆောင်ရွက်နေသော နေရပ်ပြန်လည်ခေါ်ဆောင်ရေးလေယာဉ်များကိုလည်း ဖြစ်နိုင်ငံသမျှမြန်မြန် ပြန်လည်ပြေးဆွဲသွားမည်ဟု ၎င်းက ပြောခဲ့သည်။

အိန္ဒိယနိုင်ငံတွင် နေရပ်သို့ပြန်လိုကြောင်း နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနနှင့် စာရင်းပေးထားသည့် ဩစတြေးလျနိုင်ငံသား အရေအတွက်မှာ မြင့်တက်လာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Marise Payne က ပြောခဲ့သည်။

“ဒီစိန်ခေါ်မှု (ပြန်ဖို့စောင့်ဆိုင်းနေတဲ့ ပြည်သူတွေ) ကို ကိုင်တယ်ဖို့ ဒီကနေ့မနက် မဟာမင်းကြီးနဲ့ ကျွန်မ စကားပြောဆိုခဲ့တယ်။ သူတို့အားလုံးက အိန္ဒိယနိုင်ငံရဲ့ နေရာအနှံ့မှာ ရှိနေကြတယ်” ဟု ၎င်းက ဆိုသည်။

ဩစတြေးလျနိုင်ငံက အိန္ဒိယနိုင်ငံတွင် စံချိန်တင် ကပ်ရောဂါဖြစ်ပွားမှုအား တိုက်ဖျက်ရန် အသက်ရှူစက်များ၊ နှာခေါင်းစည်းများ၊ ရေကာလေကာမျက်မှန်များ၊ လက်အိတ်များနှင့် မျက်နှာအကာများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)

Australia suspends flights from India
Source: Xinhua| 2021-04-27 14:20:22|Editor: huaxia
CANBERRA, April 27 (Xinhua) — Australia has suspended flights from India in response to the country’s COVID-19 outbreak.
Prime Minister Scott Morrison announced on Tuesday that all flights from India to Australia will be halted until May 15 at the earliest.
He said that indirect flights through other cities were suspended by their governments, and repatriation flights run by the Australian government aimed at getting Australian residents and citizens stranded in the country home would resume as soon as possible.
Marise Payne, the minister for foreign affairs, said there had been an increase in the number of Australians in India registering to come home with the Department of Foreign Affairs and Trade.
“When I spoke to the High Commissioner this morning we touched on this challenge (of people wanting to return),” she said. “They are all over India, literally in every single corner of the country.”
Australia will send ventilators, masks, goggles, gloves and face shields to India to help the country fight its record-breaking outbreak. Enditem
A Qantas airplane takes off from Sydney Airport, in Sydney, Australia, March 18, 2020. Virgin Australia airline announced Wednesday it would temporarily suspend all international flights as well as 50 percent of domestic services, in another blow to the industry by COVID-19. Australia’s national carrier Qantas on Tuesday cancelled 90 percent of its international flights as well as 60 percent of its domestic capacity. (Xinhua/Bai Xuefei)