Connect with us

Asia

ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၅၉ ဦးအထိ မြင့်တက်လာ

ဂျပန်နိုင်ငံ Kyushu ဒေသ၏ မြင်ကွင်းများအား ဇူလိုင် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ Kyushu ဒေသတွင် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၈ ရက် ဒေသစံတော်ချိန် ၂၂:၀၀ နာရီအထိ သေဆုံးသူ ၅၉ ဦး ၊ နှလုံးခုန်ရပ်တန့်မှု ဖြစ်ပွားသူ ၄ ဦး နှင့် လူ ၁၆ ဦး ပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။ 

Honshuဒေသရှိ Gifu နှင့် Nagano စီရင်စုများတွင် မိုးရွာသွန်းမှု ဖြစ်ပေါ်နိုင်ကြောင်း ဂျပန်မိုးဇလဌာန(JMA)မှ အထူးသတိပေးချက် ထုတ်ပြန်ခဲ့သလို ဂျပန် ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်အဖွဲ့မှလည်း Kyushu နှင့် Honshuဒေသ၏ Gifu၊ Hyōgo၊  Nagano စသည့် စီရင်စုများရှိ လူပေါင်း ၈၇၆,၀၀၀ ခန့် ကို ဘေးလွတ်ရာသို့ ရှောင်ရှားနိုင်ရန် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

 

ဂျပန်နိုင်ငံ Kyushu ဒေသ၏ မြင်ကွင်းများအား ဇူလိုင် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အဦ၊သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန(MLIT)၏ ပြောကြားချက်များအရ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်   မြစ်ချောင်း ၅၉ ခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ နေရာပေါင်း ၁၂၃ ခုတွင် ရွှံ့သဲမြေစီးဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ လမ်းများပြတ်တောက်ခြင်းကြောင့် လက်ရှိ Kyushu ဒေသ Kumamoto စီရင်စုတွင် အနည်းဆုံး မိသားစုပေါင်း ၃,၈၀၀ ၊ Gifu စီရင်စုတွင် မိသားစုပေါင်း ၄,၀၀၀ ခန့်  ပိတ်မိနေရာ ကူညီကယ်ဆယ်မှုများကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။ 

ဂျပန်နိုင်ငံ Kyushu ဒေသ၏ မြင်ကွင်းများအား ဇူလိုင် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

ဂျပန်နိုင်ငံ Kyushu ဒေသ၏ မြင်ကွင်းများအား ဇူလိုင် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Kyodo သတင်းဌာန၏ ကိန်းဂဏန်းများအရ ဇူလိုင် ၈ ရက် ၂၂ နာရီအထိ ဂျပန်နိုင်ငံ Kyushu ဒေသရှိ စီရင်စု ၇ ခုနှင့်Nagano ၊Gifu စီရင်စု တို့တွင် ရေဖုံးလွှမ်းခံရသော နေအိမ်၊အဆောက်အဦပေါင်း ၄,၇၀၀ ရှိကြောင်း သိရသည်။  ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယင်းနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှု သဘောဝဘေးအန္တရာယ်ဖြေရှင်းရေ အစည်းအဝေးကို ဝန်ကြီးချုပ်အိမ်တော်တွင် ကျင်းပခဲ့ပြီး နေအိမ်အဆောက်အဦပျက်စီးမှုများကို အမြန်ဆုံး စိစစ်ရန်နှင့် ဘေးဒဏ်သင့် မိသားစုဝင်များအား ထောက်ပံ့ကူညီပေးများ အမြန်ဆုံးပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ 

 

ဂျပန်နိုင်ငံ Kyushu ဒေသ၏ မြင်ကွင်းများအား ဇူလိုင် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်မိုးဇလဌာန(JMA)၏ကြိုတင်ခန့်မှန်းချက်အရ မိုးရိပ်အခြေအနေသည့်  Honshuကျွန်းဒေသတွင် ဇူလိုင် ၁၀ရက် အထိ ရှိနိုင်ကြောင်းသိရသည်။   မြစ်ရေလျှံမှုနှင့် တောင်မြေပြိုမှုစသည့် ဆက်စပ်ဘေးအန္တရာယ်များကိုလည်း ဆက်လက် သတိထား ကာကွယ်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.